အစား အစာတွေကို ကိုယ့်စိတ်ကြိုက် စားပြီးခါမှ ဝိတ်တက်လာလို့ စိတ်ညစ်နေပါသလား။ ကယ်လိုရီ များတဲ့ အစားအစာတွေကို စိတ်ကြိုက် စားပြီးပြီဆိုရင်တော့ ထိုကယ်လိုရီတွေကို လောင်မြိုက် ဖို့အလှည့်လည်း ကျန်ပါသေးတယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ ကိုယ်အလေးချိန်က တက်မလာဘဲ ကိုယ်ရည်စစ်မှာဖြစ်ပါတယ်။
ကယ်လိုရီ တွေ လောင်မြိုက် လို့ အကောင်းဆုံး လေ့ကျင့်ခန်း (၇) ခုရှိပါတယ်။
ပြေးခြင်း

အပြေး လေ့ကျင့်ခန်းကတော့ ကယ်လိုရီ လောင်ကျွမ်းလို့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မိနစ် ၃၀ လောက် ပြေးမယ်ဆိုရင်ပဲ ကယ်လိုရီတွေ ၂၅၀ ကျော်ကျော်လောက် လောင်ကျွမ်းသွားမှာပဲ ဖြစ်ပါတယ်။
စက်ဘီးစီးခြင်း

စက်ဘီးစီးမယ်ဆိုရင်တော့ မနက်စောစော အချိန်နှင့် ညနေပိုင်းအချိန်က စက်ဘီးစီးလို့ အကောင်းဆုံးပါပဲ။ ကွီးတို့အနေနဲ့ စက်ဘီးစီးခြင်းအပြင် အခြားသော အားကစားတစ်ခုပါ တွဲလုပ်မယ်ဆိုရင်တော့ ကယ်လိုရီတွေ ပိုလောင်ကျွမ်းမှာပဲ ဖြစ်ပါတယ်။
Calisthenics

Calisthenics ဆိုတာကတော့ Body Building လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ မည်သည့်ပစ္စည်းကိရိယာမှ အသုံးမပြုဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ် အလေးချိန်တစ်ခုတည်းကိုသာ အသုံးပြုကာ ဆော့ကစားတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်း၊ Crunches ဆော့ကစားခြင်း၊ Burpees လေ့ကျင့်ခန်းများသည် Calisthenics အားကစား အမျိုးအစားထဲတွင် ပါဝင်ပါတယ်။
ကြိုးခုန်ခြင်း

ကြိုးခုန်ရတာ ဝါသနာပါတယ်ဆိုရင်လည်း ကြိုးခုန်ရင်း ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားနိုင်ပါတယ်။ ကြိုးခုန်ခြင်း လေ့ကျင့်ခန်းသည်လည်း ကယ်လိုရီများ လောင်ကျွမ်းရာမှာ အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။
ရေကူးခြင်း

ရေကူး ဝါသနာပါသူများလည်း ရေကူး အားကစားနဲ့ ဝိတ်ချနိုင်ပါတယ်။ တစ်ခု သတိထားရမှာကတော့ ရေကူးရတာ ပင်ပန်းလို့ဆိုပြီး အစားအစာတွေ အားရပါးရ ကြိတ်မယ်ဆိုရင်တော့ ဝိတ်ပိုတက်လာမှာကို သတိထားသင့်ပါတယ်။
လမ်းမြန်မြန် လျှောက်ခြင်း

ရေလည်း မကူးတတ်ဘူး၊ စက်ဘီးလည်း မစီးတတ်လို့ဆိုပြီး စိတ်မညစ်လိုက်ပါနဲ့။ လမ်းလျှောက် အားကစားလည်း ကျန်ပါသေးတယ်။ လမ်းလျှောက်ဖို့အတွက် တခြားဘာမှ မလိုအပ်ပါဘူး။ ကွီးတို့ လမ်းလျှောက်ချင်စိတ်ပဲ လိုအပ်တာပါ။ တစ်နေ့လျှင် မိနစ် ၃၀၊ ၄၅ မိနစ်လောက် လမ်းလျှောက်ပေးရင်ပဲ လုံလောက်ပါပြီ။
တောင်တက်ခြင်း

တောင်တက်ရတာ ဝါသနာပါသူတွေအတွက်ကတော့ တောင်တက်ရင်း ကယ်လိုရီများကို လောင်ကျွမ်းပစ်နိုင်ပါတယ်။ ဝိတ်ချတာဖြစ်တဲ့အတွက်ကြောင့် မေ့လောက်မှ တစ်ခါ တောင်တက်၊ တစ်နှစ်နေမှ တစ်ခါလောက် တောင်တက်ဖြစ်မယ်ဆိုရင်တော့ ကယ်လိုရီတွေက ထိုအချိန်ခဏတာပဲ လောင်ကျွမ်းမှာပါ။
ကွီးတို့ရော ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ဘယ်အားကစားကို လုပ်ချင်ပါသလဲ။
Source: Healthline
Featured Image: Freepik
