ပြီးပြည့်စုံတဲ့ Outfit တစ်ခု ဖြစ်ဖို့ဆိုရင် Sneakers တွေက မပါမဖြစ်ပါပဲ။ Sneakers တွေဟာ ၁၉၀၀ ပြည့်လွန်နှစ်နောက်ပိုင်းက စပြီး လူတွေရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခု ဖြစ်လာပါတယ်။ နေ့စဉ်ပုံမှန် ထသွားထလာကနေ ရုံးတက် ၊ ပွဲတက်အခမ်းအနားတွေအထိပါ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဝတ်ဆင်နိုင်ခြင်းက Sneakers တွေရဲ့ လူကြိုက်များစေတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ Sneakers တွေထဲမှာတော့ ရွေးချယ်စရာ Brand အမျိုးအစားတွေ ၊ ပုံစံဒီဇိုင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းတစ်ယောက်ရဲ့ ခြေလှမ်းတိုင်း ကို ယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ ကူညီပေးမယ့် ဘယ်တော့မှ ရိုးမသွားတဲ့ အမိုက်စား Classic Sneakers ၅ ရံ ကို ရွေးချယ်ပြောပြ ပေးချင်ပါတယ်။
(၁) Adidas Stan Smith
Photo : HiConsumption
Adidas Stan Smith ကတော့ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ Tennis Sneakers တွေထဲက တစ်ရံပါ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းသွားပြောင်းသွား သူရဲ့ Classic ဖြစ်တဲ့ စတိုင်ကြောင့် Sneakerhead တွေကြားမှာ ဒီနေ့ထိတိုင် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့အတွက် ခြေလှမ်းတိုင်း ကို ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျစေမှာ ဖြစ်ပါတယ်။
(၂) Vans Authentic
Photo : HiConsumption
ခေတ်အဆက်ဆက် လူကြိုက်များခဲ့တဲ့ Sneakers လို့ပြောလိုက်ရင် Vans Authentic ကိုတော့ ချန်ခဲ့လို့ မရပါဘူး။ ပေါ့ပ်ယဉ်ကျေးမှုကို နှစ်သက်သူတွေနဲ့ စကိတ်သမားတွေရဲ့နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ Sneakers တစ်ရံဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ စတင်ထုတ်ခဲ့ပြီး မူလက Vans Deck 44 လို့ခေါ်ခဲ့ကြကာ နောက်ပိုင်းမှ Vans Authentic Sneakers လို့ လူသိများလာတာ ဖြစ်ပါတယ်။ ခေတ်မီစတိုင်လ်ကျပြီး စွယ်စုံရတဲ့ ဖိနပ်ဒီဇိုင်းနဲ့ သက်တောင့်သက်သာရှိမှုကြောင့်ပဲ နေ့စဉ်ဘဝအတွက် မရှိမဖြစ်တဲ့ Sneakers တွေထဲကတစ်ရံ ဖြစ်လာပါတယ်။
(၃) Nike Cortez
Photo : HiConsumption
Nike ရဲ့ Cortez ကတော့ ခမ်းနားထည်ဝါဒီဇိုင်းနဲ့ ဆန်းသစ်တဲ့ အရောင်ပေါင်းစပ်မှုတို့ကြောင့် လုံးဝကို ထူးခြားနေတဲ့ Classic Sneakers တစ်ရံ ဖြစ်ပါတယ်။ ဖက်ရှင်စတိုင်အမျိုးမျိုးနဲ့ လိုက်ဖက်မှုရှိရှိ တွဲဖက်ဝတ်နိုင်ပြီး ခေါင်းမစားရမယ့် Sneakers တစ်ရံလည်း ဖြစ်ပါတယ်။ ရုံးတက်ကျောင်းတက် ၊ ခရီးပဲထွက်ထွက် ခြေလှမ်းတိုင်း တိုင်းကို ပေါ့ပါးမှုအပြည့်ရှိစေပြီး သွားလေရာရာ သယ်သွားနိုင်မယ့် စွယ်စုံရ Sneakers ရှာနေတယ်ဆိုရင် Nike Cortez က မဖြစ်မနေ ထည့်စဉ်းစားသင့်တဲ့ Legendary Sneakers List ထဲမှာ ပါပါတယ်။
(၄) New Balance 574
Photo : HiConsumption
စတိုင်ကျချင်တဲ့ အမျိုးသားတိုင်းမှာ ရှိထားသင့်တဲ့ Sneakers တစ်ရံကတော့ New Balance 574 ပါ။ သေသပ်လှပတဲ့ ဖိနပ်ဒီဇိုင်းနဲ့ ဝတ်ရတာ တကယ့်ကိုပဲ ပေါ့ပါးလွတ်လပ်ပြီး သက်တောင့်သက်သာ အပြည့်ရှိစေပါတယ်။ လက်ရှိ ဖက်ရှင် ခေတ်ရေစီးကြောင်းပေါ်မှာ အံဝင်ခွင်ကျရှိပြီး အချိန်ရာသီမရွေး လူငယ်ဆန်ဆန် စတိုင်ကျကျ ဝတ်ဆင်နိုင်မယ့် Sneakers တစ်ရံပဲ ဖြစ်ပါတယ်။
(၅) Converse Chuck Taylor 70
Photo : HiConsumption
Converse ချစ်သူတိုင်း ရှိကိုရှိထားသင့်တဲ့ ဖိနပ်တစ်ရံက Chuck Taylor 70 ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေကနေ လူငယ်/လူလတ်ပိုင်းတွေအထိ လူကြိုက်များ ရေပန်းစားတဲ့ Sneakers တစ်ရံပါ။ ပေါ့ပေါ့ပါးပါး ထသွားထလာပဲ ဝတ်မလား ၊ ရုံးတက်/ပွဲတက် နောက်ဆုံး Gym သွားချိန်မှာ Sportwear တွေနဲ့ပဲ တွဲတွဲဝတ်ဝတ် Outfit တော်တော်များများနဲ့ လိုက်ဖက်မှု ရှိပါတယ်။
ကွီးတို့ရဲ့အကြိုက်ဆုံး Sneakers ကတော့ ဘာဖြစ်မလဲ???
Featured Photo : Clínica da Mama