နည်းပြ မော်ရီစီယို ပိုချက်တီ နိုကတော့ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီး အသင်းကို ကိုင်တွယ်သွားဖို့ အခြေအနေ အလွန် ကောင်းမွန်နေပြီး နာဂယ်စမန်း နဲ့ အင်းနရစ်တို့က ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ မရှိတော့တဲ့အတွက် ပိုချက်တီနိုသာ အပြတ်အသတ် ရေပန်းစားလာခဲ့ရပါတယ်။
Photo Credit : Football London
တော့တင်ဟမ်ဟော့ စပါး နဲ့ ဆောက်သမ်တန်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ပီအက်စ်ဂျီအသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ ပိုချက်တီနိုဟာ ၂၀၂၂ခုနှစ် ဇွန်လကတည်းက ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ နည်းပြ အရည်အသွေး ပြည့်ဝသူဖြစ်တဲ့ ပိုချက်ကို ဥရောပ ကလပ်အသင်းတချို့နဲ့ အသင်းဟောင်း စပါးတို့က စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်လာခဲ့ရသလို အခုလည်း ချယ်လ်ဆီးအသင်းနဲ့ အင်တာဗျူး လုပ်ဆောင်နေရာမှာ အခြေအနေ အလွန် ကောင်းမွန်လျက် ရှိတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
Photo Credit : Sky Sports
လက်ရှိ ဖာဘရီဇီယို ရိုမာနို ဖော်ပြထားတဲ့ သတင်းထဲမှာတော့ ချယ်လ်ဆီး တာဝန်ရှိသူတွေနဲ့ ပိုချက် တီနိုတို့ဟာ အခု တစ်ပတ်အတွင်းမှာပဲ ဆွေးနွေးမှု ထပ်မံ ပြုလုပ်မှာဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ပါ ချမှတ်သွားဖွယ်လည်း ရှိနိုင်တယ်လို့ သိရပါတယ်။ ချယ်လ်ဆီး ပရိသတ် အများစုကတော့ စပါးနည်းပြဟောင်း ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းတွေ အသင်းကိုင်တွယ်မှု အပိုင်းတွေကို သဘောကျခြင်း မရှိတာကြောင့် နည်းပြသစ်အဖြစ် မခန့်အပ်စေချင်ပဲ တခြားသော နည်းပြ တစ်ဦးဦးကိုသာ ခန့်အပ်စေချင်နေပါတယ်။
Photo Credit : Twitter
ဒီလို ချယ်လ်ဆီး ပရိသတ်တွေက ပိုချက်တီနိုကို သဘောမကျပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေက ပိုချက်ရဲ့ လုပ်ရည်ကိုင်ရည်အပေါ် နှစ်သက်နေကြတဲ့အတွက် ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ချယ်လ်ဆီးရဲ့ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဖရန့်လမ်းပတ်ဟာ အသင်းကို (၄)ပွဲ ကိုင်တွယ်ထားရာ (၄)ပွဲလုံး ရာနှုန်းပြည့် ရှုံးပွဲ တွေ့ထားခဲ့ရပြီး အသင်း သမိုင်းတစ်လျှောက် ဘယ်နည်းပြမှ မပိုင်ဆိုင်ဖူးသေးတဲ့ စံချိန်တစ်ခုကိုပါ ပိုင်ဆိုင်ထားခဲ့ရပါတယ်။
Featured Photo : talkSPORT