သီချင်း ဝါသနာရှင် ကွီးတို့ အဆိုတော် ဝနရဲ့ အရှုံးနဲ့လူ သီချင်းကို ကြားဖူးနာဝ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်တော့ ဒီသီချင်းကို ချယ်လ်ဆီး နည်းပြ လမ်းပတ် ကများ ရေးထားသလားလို့ ထင်မိရတဲ့အထိ မောင်လမ်းပတ်ဟာ ဆိုရင်တော့ဖြင့် အခုထိ အသင်းကို နိုင်ပွဲမပြောနဲ့ သရေပွဲအထိတောင် မစွမ်းဆောင်ပေးနိုင်ပဲ ရာနှုန်းပြည့် ရှုံးပွဲတွေနဲ့သာ အရှုံးများနဲ့လူ ဖြစ်နေရပါတယ်။

frank

Photo Credit : Twitter

ဂရေဟမ် ပေါ်တာကို ချယ်လ်ဆီး နည်းပြ ရာထူးကနေ ထုတ်ပယ်ပြီလို့ ထုတ်ပြန်လိုက်တုန်းက ချယ်လ်ဆီး ပရိသတ် တစ်အုပ်ကြီး နှစ်ထောင်း အားရ ဝမ်းသာခဲ့ရပေမယ့် ပေါ်တာ ကြောက်လို့ လမ်းပတ် အားကိုး လမ်းပတ်က ပိုလို့ဆိုး ဆိုသလို (၆)ပွဲဆက်တိုက်အထိ တစ်ပွဲမှကို အမှတ်မရတော့ပဲ ခွက်ခွက်လန် ရှုံးနေရလို့ ချယ်လ်ဆီး ပရိသတ်တချို့ ပေါ်တာကိုတောင် ပြန်လွမ်းနေလောက်ပါတယ်။

london derby

Photo Credit : Twitter

ဒီလို အခြေအနေမျိုး ဖြစ်နေတာကလည်း လမ်းပတ်ရဲ့အပြစ် မဟုတ်သလို သူရဲ့ ညံ့ဖျင်းမှုကြောင့်လို့ မဆိုသာပါဘူး။ ဒီရာသီအတွင်း နည်းပြတွေ အပြောင်းအလဲ များနေရတဲ့ အသင်းတစ်သင်းက ဟန်ချက်ညီညီ အနေအထားကို ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလို အချိန်မှာ အသင်းကို ခေတ္တ ထိန်းကျောင်းပေးဖို့ တာဝန်ပေးခံရတဲ့ လမ်းပတ် ကလည်း ချယ်လ်ဆီးရဲ့ legend player ဆိုပေမယ့် နည်းပြ အရည်အသွေးပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိသေးတဲ့သူ ဖြစ်နေလို့ ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေတာ မဆန်းဘူးလို့ ပြောရပါတော့မယ်။

lampard

Photo Credit : Twitter

လက်ရှိ လမ်းပတ်ရဲ့ ချယ်လ်ဆီးက ရှုံးပွဲတွေ ဆက်လာလို့ တန်းဆင်းမယ့် အန္တရာယ်နဲ့ နီးကပ်လာပြီဆိုပြီး ပြောနေကြပေမယ့် ဘယ်လိုနည်းနဲ့မှ တန်းဆင်းဖို့ ဆိုတာကတော့ မရှိလာနိုင်ပါဘူး။ ဒါပေမယ့်လည်း ဆိုးဆိုးရွှားရွှား အဆင့် ရပ်တည်မှုကြီးနဲ့ ဒီနှစ် ရာသီကို အဆုံးသတ်သွားရနိုင်တဲ့ အလားအလာမှာတော့ ရှိနေပါတယ်။ ဒီလို မိုးထဲရေထဲ အခြေအနေမှာ မစ္စတာ လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း ပထမဆုံး ရမှတ် ပထမဆုံး နိုင်ပွဲကို အလျင်အမြန် ရရှိပါစေလို့ ဆန္ဒပြုရင်း…

Featured Photo : Goal