မနေ့ညက ဂွတ်ဒီဆင်ပတ်ခ်မှာ အိမ်ရှင် အဲဗာတန်ကို မန်စီးတီးအသင်းက (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူပြီးနောက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်တွေ မှေးမှိန်လာခဲ့ရသလို အဲ့ဒီပွဲအပြီး အာဆင်နယ် နဲ့ ဘရိုက်တန်တို့ ပွဲစဉ်မှာလည်း အာဆင်နယ်က သူတို့အိမ်ကွင်း အိမရိတ်ဒ်မှာပါ ဘရိုက်တန်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေး ဖလား မျှော်လင့်ချက် လုံးဝ အဆုံးသတ်သွားခဲ့ရပါတယ်။
Photo Credit : CNN
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ အသင်း ပရိသတ်တွေကိုယ်တိုင် မမျှော်လင့်ထားတဲ့ ခြေစွမ်းပိုင်း ရလဒ်ပိုင်းတွေနဲ့အတူ ပရီးမီယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ အချိန်အတန်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီနောက်ပိုင်းကတည်းက နှစ်ပေါင်းများစွာ အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် အခြားသော ရှုံးထွက်ဖလားတွေကို လစ်လျူရှုခဲ့ပြီး ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
Photo Credit : The Mirror
တကယ်တမ်းမှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တောက်လျှောက် ရလဒ်ကောင်းမွန်ခဲ့ပြီး အမှတ်ပေးဖလားနဲ့ လက်တစ်ကမ်းအကွာလောက် ရောက်ရှိနေချိန်မှ ရလဒ်တွေ မတည်ငြိမ်တော့ပဲ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရကာ ပထမနေရာကိုလည်း ဖယ်ပေးလိုက်ရပါတယ်။ အခုလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ဂိုးအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ဟာ သေချာပေါက် အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။
Photo Credit : Sky Sports
အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် ဖိအားဒဏ်ကို တောင့်မခံထားနိုင်တာနဲ့ မနှစ်က ဘောလုံးရာသီလို ရာသီပိတ်ခါနီး တည်ငြိမ်မှု နည်းပါးတာတို့ကြောင့် အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို စွန့်လွတ်လိုက်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်လိုက်ရတော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : Twitter