လိင်မှုကိစ္စဆိုတာ လူ့သဘာဝဖြစ်ပြီး သာယာပျော်ရွှင်သော စိတ်လှုပ်ရှားဖွယ်ခံစားမှုကို ပေးစွမ်းနိုင်တဲ့ ကိစ္စတစ်ခုပါ။ အရွယ်ရောက်ပြီးသား လူတိုင်းအတွက် လိင်မှုကိစ္စက မဆန်းပါဘူး။ လိင်မှုကိစ္စ မှာ ကိုယ်တစ်ဦးတည်းသာမက တစ်ဖက်သားကို အလေးထားပြီး နှစ်ဦးနှစ်ဖက်လုံး သာယာပျော်ရွှင်မှုကို ရရှိဖို့ အရေးကြီးပါတယ်။ ဒ့ါအပြင် ပိုမိုကောင်းမွန်သော လိင်မှုဘဝကို ရရှိဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အိပ်ရာပေါ်မှာ Pro ဆိုတဲ့ သိုင်းဆရာကြီးတို့ ကျင့်သုံးလေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Foreplay ကို အလေးထား လုပ်ဆောင်ခြင်း
Photo : Flawless World
များသောအားဖြင့် လိင်မှုကိစ္စမှာ အမျိုးသားများက ၎င်းတို့ရဲ့ လိုအင်ကိုပဲ ဦးစားပေးသလို ဖြစ်တတ်ပါတယ်။ ဒီလို တစ်ဖက်သားကို အလေးမထားဘဲ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာက ကောင်းမွန်ပျော်ရွှင်သော လိင်ဆက်ဆံမှု ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် အိပ်ရာပေါ်မှာ Pro ဆိုတဲ့ သိုင်းဆရာကြီးတို့ ကတော့ Foreplay ကို အလေးထားကြပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်း၏ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။
Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံမှုမပြုခင် Foreplay ကို အလေးထားတာက တစ်ဖက်သားအပေါ် ကိုယ့်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ဂရုစိုက်မှုကို ပြသရာရောက်သလို လိင်ဆက်ဆံမှုကိုလည်း ပိုပြီး အဆင်ပြေချောမွေ့စေပါတယ်။
Sex Toys လေးတွေ စမ်းကြည့်ပါ
Photo : Man of Many
တကယ်တော့ Sex Toys တွေကို အသုံးပြုခြင်းက ကွီးတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မကောင်းတဲ့ သက်ရောက်မှုမျိုး လုံးဝမဟုတ်ပါဘူး။ Sex Toys လေးတွေ စမ်းကြည့်ခြင်းက နှစ်ဦးစလုံးအတွက် လိင်ပိုင်းဆိုင်ရာ သာယာမှုကို မြှင့်တင်ရန်နှင့် ခံစားမှု အထွတ်အထိပ်ကို တိုးမြှင့်ရန် ရိုးရှင်းသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လိင်မှုကိစ္စအတွက် အသစ်အဆန်းလည်း ဖြစ်နိုင်သလို ပိုမိုစိတ်ဝင်စားပြီး ရင်ခုန်ဖွယ်ခံစားမှုများကိုလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာမှာ အပြုသဘောဆောင်သော သက်ရောက်မှုတွေလည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။
ပွင့်လင်းမှု ရှိပါစေ
Photo : Promescent
လိင်ဆက်ဆံမှုမှာ အဆင်ပြေပျော်ရွှင်ဖွယ် ဖြစ်ချင်ပါသလား၊ ဒါဆိုရင်တော့ အတတ်နိုင်ဆုံး လိင်ဆက်ဆံမှုအကြောင်း ပွင့်လင်းဖို့လိုပါတယ်။ Journal of Marital and Family Therapy တွင်ထုတ်ဝေသည့် လေ့လာမှုတစ်ခုအရ လိင်နှင့်ပတ်သက်ပြီး ပွင့်လင်းမှုရှိသော စုံတွဲများမှာ အမျိုးသမီးများက အထွတ်အထိပ် (Orgasms) အကြိမ်ရေ ပိုမိုမြင့်မားစွာရရှိခြင်းနဲ့ လက်တွဲဖော်နှစ်ဦးစလုံး အလုံးစုံကျေနပ်မှုပိုမိုရရှိခြင်း စတဲ့အကျိုးတွေ ရရှိတယ်လို့ဆိုပါတယ်။ အိပ်ရာထဲမှာ ကိုယ်ကြိုက်တာ မကြိုက်တာကို ပြောဖို့ မရှက်ပါနဲ့။ အလားတူပဲ၊ ကွီးတို့ ကောင်မလေးကိုလည်း သူကြိုက်တာ မကြိုက်တာတွေ ပြောပြဖို့ တိုက်တွန်းပေးပါ။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတဲ့အခါ လိင်ဆက်ဆံမှုက ပိုမို ကောင်းမွန်လာပါလိမ့်မယ်။
သူမကို အလျင်မလိုပါနဲ့
Photo : Mysticado
အိပ်ရာပေါ်မှာ Pro ဆိုတဲ့ သိုင်းဆရာကြီးတို့က ဘယ်တော့မှာ တစ်ဖက်သားကို အလျင်မလိုပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးများက အထွတ်အထိပ်ရောက်ရန် အခက်အခဲရှိတတ်ပြီး အချိန်ပိုလိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားများအနေဖြင့် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုကတော့ “မင်းလိုအပ်သမျှ အချိန်ယူပါ” လို့ပြောပေးခြင်းပါပဲ။ ဒီလိုပြောပေးခြင်းဖြင့် အမျိုးသမီးများကို သက်တောင့်သက်သာ ဖြစ်စေပြီး လိင်ဆက်ဆံမှုကို ပိုမိုလိုက်လျောညီထွေ ဖြစ်စေပါတယ်။
ကွီးတို့ရေ အိပ်ရာပေါ်မှာ Pro ဆိုတဲ့ သိုင်းဆရာကြီးတွေက ဒီလိုအချက်တွေကို အလေးထားလေ့ရှိပါတယ်။ ကွီးတို့လည်း နှစ်ဦးနှစ်ဖက်လုံး သာယာပျော်ရွှင်သော လိင်မှုဆက်ဆံရေး ရရှိအောင် ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Tiege
Featured Photo : Amodrn