အာဂျင်တီးနား တိုက်စစ် ကစားသမား လော်တာရို မာတီနက်ဇ် က 2022 Qatar World Cup ပြိုင်ပွဲမှာ World Cup Champion ဖြစ်လာခဲ့တဲ့ အာဂျင်တီးနားအသင်းအတွက် မယ်မယ်ရရ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမယ့် World Cup ကြီး ပြီးဆုံးသွားချိန်မှာတော့ သူရဲ့ ကလပ်အသင်း အင်တာမီလန်အတွက် တောက်လျှောက် ဂိုးမြူးလာခဲ့ပါတယ်။
Photo Credit : Goal
မာတီနက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ရပေမယ့်လည်း ပါဝင်ကစားခွင့် ရချိန်တိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့အပြင် အပိုင်အခွင့်ရေး တချို့ကိုပါ ဖြုန်တီးပစ်ခဲ့ပါသေးတယ်။ ပြောရရင် မာတီနက်ဇ်က ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် ဘာမှ မလုပ်ဆောင်ပေးနိုင်ခဲ့တဲ့ လူပိုတစ်ဦးလိုပါပဲ။ သူ့ထက်စာရင် စီးတီးက အာဂျင်တိုင်း လူငယ် ကစားသမားလေး ယူလီယန် အဲလ်ဗာရက်ဇ် ကတောင် ပိုပြီး အကျိုးပြုနိုင်ပါသေးတယ်။
Photo Credit : Sporting News
ဒါပေမယ့် မာတီနက်ဇ်က ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ ဒါကပဲ သူ့ကို စိတ်ဓါတ် မြင့်တင်ပေးလိုက်သလိုများ ဖြစ်သွားလေမလားပါပဲ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အဆုံးသတ်ပြီးသွားချိန် နောက်ပိုင်း မာတီနက်ဇ်က အင်တာမီလန်အတွက် ဂိုးသွင်းအားကောင်းတဲ့ ကစားသမား ၊ အသင်းကို အကျိုးပြုနိုင်တဲ့ ကစားသမား အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြီးဆုံးချိန်ကတည်းက မာတီနက်ဇ် ဟာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံမှာ (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo Credit : SportsMax
နောက်ပိုင်း ပွဲစဉ်တွေအတွင်းမှာလည်း အင်တာအတွက် အထူး ခြေစွမ်းပြလာနိုင်ခဲ့သူ မာတီနက်ဇ်ဟာ မနေ့ညက မီလန်ဒါဘီမှာလည်း ဂိုးတစ်ဂိုး သွင်းယူပြီး အင်တာကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ မာတီနက်ဇ် ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက် ချယ်လ်ဆီးတို့ကလည်း လာမယ့် နွေဈေးကွက်ထဲမှာ အပြိုင် ကမ်းလှမ်းကြဖွယ်လည်း ရှိနေတာကြောင့် မာတီနက်ဇ်ရဲ့ အနာဂတ်က ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စရာကောင်းနေပါတယ်။
Featured Photo : The Guardian