ယောကျာ်းတစ်ယောက်ဟာ ရုပ်ချောမှ ၊ ငွေရှိမှ ၊ ကြွက်သားအမြောင်းမြောင်းနဲ့ ဘော်ဒီတောင့်မှ ဆော်ကြည်မယ်လို့ ထင်ကောင်းထင် နိုင်ပါတယ်။ ဒါဟာ လုံးဝမှားတယ်လို့ ပြောလို့မရပေမယ့် အတိုင်းအတာ တစ်ခုအထိပဲ မှန်ပါတယ်။ တကယ်တော့ အမျိုးသမီး တစ်ယောက် ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်တယ်ဆိုရင် အခုပြောပြမယ့် စကေးတွေ ရှိထားရုံနဲ့ ဖြစ်နိုင်ပါတယ်။
(၁) လူတိုင်းကို လေးစားမှုရှိရှိ ဆက်ဆံတက်ခြင်း
Photo : Freepik
လေးစားမှုဆိုတဲ့ စကားလုံးကို လိုက်နာကျင့်သုံးတက်တဲ့ အမျိုးသားတိုင်းဟာ အမြဲနှစ်လိုဖွယ်ကောင်းပြီး အမျိုးသမီး တို့ရဲ့ မျက်လုံးထဲမှာ ကြွေချင်စရာပါ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှု ပေးနိုင်မယ့်သူကို အမျိုးသမီးတွေက သူတို့ရဲ့ လက်တွဲဖော်အဖြစ် ရွေးချင်ကြပါတယ်။
(၂) အတွေးအခေါ် ရင့်ကျက်ပါးနပ်ခြင်း
Photo : Freepik
အမျိုးသမီး တွေဟာ သူတို့ရဲ့လက်တွဲဖော်ကို ရွေးချယ်ရာမှာ အမျိုးသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အလေးပေး စဉ်းစားဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။ အတွေးအခေါ်ကောင်းတယ် ၊ ဥာဏ်ရည်ဉာဏ်သွေး ထက်မြက်တယ် ၊ ရင့်ကျက်မှုရှိရှိ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အမျိုးသားတွေကိုပဲ သူတို့ရဲ့ဘဝကို ပုံအပ်ချင်ကြတာပါ။ အသက်ပင်ငယ်နေဦးတော့ အတွေးအခေါ် ရင့်ကျက်ပါးနပ်သူ တစ်ယောက်ဆိုရင် အမျိုးသမီးတွေက နှစ်သက်မှာ သေချာပါတယ်။
(၃) ဝင်ငွေအတည်တကျရှိခြင်း
Photo : Freepik
အမျိုးသားတစ်ယောက်ဟာ ချမ်းသာနေမှ မဟုတ်ပါဘူး ဝင်ငွေအတည်တကျနဲ့ ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုရင်ပဲ အမျိုးသမီး တွေရဲ့ စိတ်ဝင်စားမှုကို ရနိုင်ပါတယ်။ အချစ်မှာ ငွေရေးကြေးရေးကို ထည့်တွက်လာရင် အချစ်စစ်မဟုတ်တော့ဘူးလို့ တချို့တွေ သတ်မှတ်ကြပေမယ့် တကယ်တော့ မဖြစ်မနေထည့်တွေးဖို့ လိုကိုလိုအပ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အနာဂတ်မှာ မိသားစုကို ဦးစီးဦးဆောင် ပြုစုပျိုးထောင်မယ့် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ဝင်ငွေအတည်တကျရှိသူကိုပဲ ဦးစားပေး ရွေးချယ်ချင်ကြမှာ အမှန်တရားပဲ မဟုတ်လား။
(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း
Photo : Freepik
အမျိုးသမီးတွေရဲ့ သဘောသဘာဝကိုက ဦးဆောင်နိုင်တဲ့ အမျိုးသားတွေနောက်ကို လိုက်ချင်ကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိ ၊ တွေဝေထုံထိုင်းပြီး မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမျိုးသားတွေဟာ အမျိုးသမီး တွေအတွက်တော့ ဘယ်တော့မှ ဆွဲဆောင်မှုရှိစေမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ၊ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချနိုင်သူ ၊ ဦးစီးဦးဆောင်နိုင်သူ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသားတွေကိုပဲ အမျိုးသမီးတွေက ပိုစိတ်ဝင်စားကြပါတယ်။
Featured Photo : Well+Good