ကမ္ဘာပေါ်ရှိ လူသန်းပေါင်း မြောက်မြားစွာထဲတွင် ၅ ရာခိုင်နှုန်းခန့်သော သူများသည် ခြေထောက် အနံ့ ဆိုး များထွက်ခြင်းကို ခံစားနေကြရတာပဲဖြစ်ပါတယ်။ ထို ၅ ရာခိုင်နှုန်းသော လူများထဲတွင် ကွီးတို့ မပါဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ကွီးတို့အနားကနေ စကီလေးတွေက ဝေးဝေးပြေးသွားမှာပဲဖြစ်ပါတယ်။

ထိုကဲ့သို့ မဖြစ်ဖို့အရေး ကိုယ့်ရဲ့ ခြေထောက် ကို အနံ့ ဆိုး များ မထွက်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကြိုတင်ကာကွယ်ဖို့ရန်အတွက် ဘာ့ကြောင့် ခြေထောက်က အနံ့ဆိုးတွေ ထွက်ရသလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ရာသီဥတု ပူအိုက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တစ်နေကုန် မတ်တပ်ရပ်ရခြင်း၊ အဝလွန်ခြင်း၊ ဟော်မုန်း အပြောင်းအလဲရှိခြင်း၊ စိတ်ကျရောဂါကြောင့် သောက်သုံးနေရသော ဆေးဝါးများ၊ ခြေဆီ အလွန်အမင်း ထွက်ခြင်း အစရှိတဲ့ ဆိုးကျိုးများကြောင့် ခြေထောက်က အနံ့ဆိုးများ ထွက်ရတာပဲ ဖြစ်ပါတယ်။

ခြေထောက်အနံ့ဆိုးတွေကို သတိပြုမိလာတာနဲ့ တစ်ပြိုင်နက် အခုဖော်ပြပေးမယ့် နည်းလမ်းများကို ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း (၁)

ခြေထောက် အနံ့ ဆိုး

ပထမနည်းလမ်းကတော့ Scrub တိုက်ကာ ကြေးချွတ်ခြင်းပဲ ဖြစ်ပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေကလည်း အထူးအဆန်း ပစ္စည်းတွေ မဟုတ်ပါဘူး။ ရေစိုအဝတ်၊ ဆပ်ပြာနှင့် ရေတို့ပဲဖြစ်ပါတယ်။ ခြေထောက်ကို ဆပ်ပြာနဲ့ အရင်ဦးဆုံး ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ခြေချောင်းကြားတွေပါမကျန် သေသေချာချာ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ခြေအိတ် ဝတ်မယ်ဆိုရင်လည်း မဝတ်ခင်မှာ ခြေထောက်ကို အရင်ဦးဆုံး ခြောက်သွားအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ ဖိနပ်က ရေစိုခံတယ်ဆိုရင် ဖိနပ်ကို ရေဖြင့် သေချာ တိုက်ချွတ် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

နည်းလမ်း (၂)

ခြေထောက် အနံ့ ဆိုး

စောစောက နည်းလမ်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ ကွီးတို့ ခြေထောက်ကို ရေစိတ်ပေးရမှာပဲ ဖြစ်ပါတယ်။ တစ်ပတ်လျှင် တစ်ရက်ခန့် စိမ်ပေးရပါမယ်။​ တစ်ခါရေစိမ်ရင် မိနစ် ၂၀ ကြာအောင် စိမ်ပေးဖို့ လိုအပ်ပါတယ်။ အသုံးပြုရမယ့် ရေကတော့ ရေနွေးနွေးလေးဖြစ်ပြီး ထိုရေထဲသို့ ရှာလကာရည် (သို့) Epsom Salt ထည့်ပေးရမှာ ဖြစ်ပါတယ်။

နည်းလမ်း (၃)

နည်းလမ်း (၃)

ခြေထောက် အနံ့ဆိုး များ ထွက်သူတွေအဖို့ ခြေထောက်ကို စိုစွတ်မနေစေဘဲ ခြောက်သွေ့အောင် ထားဖို့ လိုအပ်ပါတယ်။ ကွီးတို့ ခြေထောက်က စိုစွတ်နေမယ်ဆိုရင် ဘက်တီးရီးယား ပိုးမွှားများ အကြိုက် ဖြစ်သွားမှာဖြစ်ပြီး သူတို့တွေ ခိုကပ်နေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ခြေအိတ် ဝတ်ထားနေရာမှ ချွေးတွေကြောင့်ဖြစ်ဖြစ် စိုစွတ်သွားတဲ့အခါ (သို့) ရေကြောင့် စိုသွားတယ်ဆိုရင် ချက်ချင်းပဲ အသစ် တစ်စုံ လဲဝတ်လိုက်ပါ။

ကွီးတို့ရဲ့ ခြေအိတ်သည်လည်း လေဝင်လေထွက်ကောင်းပြီး ရှူးဖိနပ်များသည်လည်း ကြပ်ထုတ်မနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ ရှူးဖိနပ်ထဲဿို့ ပေါင်ဒါမှုန့် (သို့) ပြောင်းဖူးဆန်မှုန့်များ ထည့်ကာ အနံ့အသက်များပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

ဒီနည်းလမ်းများနဲ့ ကွီးတို့ရဲ့ ခြေထောက်က အနံ့အသက်ပြင်းများကို ဖယ်ရှားနိုင်ပါတယ်။

ကွီးတို့ရော ခြေထောက် အ နံ့ဆိုး တွေ ထွက်လာရင် ဘယ်လိုလုပ်လေ့ရှိပါသလဲ။​

Source: Medicinenet

Featured Image: Drfootpain