နည်းပညာရဲ့တဟုန်ထိုး တိုးတက်လာမှုဟာ လူသားတွေအပေါ် ကောင်းကျိုးဆိုးကျိုး အဘက်ဘက်က သက်ရောက်မှုတွေရှိနေတယ်ဆိုပေမယ့်လို့ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အချို့ချို့သော ကဏ္ဍတွေမှာ အစစအရာရာက ပိုမိုလွယ်ကူ အဆင်ပြေလာနေတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ဒါဟာ နယ်ပယ်အသီးသီးမှာ ရှင်သန်လှုပ်ရှားနေတဲ့ လူသားအားလုံးအပေါ် သက်ရောက်မှု ရှိနေတာပါ။ အားကစားသမားတွေမှာလည်း ထို့နည်းတူစွာပါပဲ။ အားကစားလုပ်ရာမှာ ပိုမိုထိရောက်အကျိုးရှိစေမယ့် ကောင်းမွန်တဲ့ အထောက်အကူပြုပစ္စည်းတွေ ၊ အမိုက်စား အလန်းစား နည်းပညာ Gadgets တွေ အများကြီး ပေါ်ထွက်လာနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အားကစားသမားတို့ ရှိထားသင့်တဲ့ အလန်းစား ပစ္စည်းအသေးအမွှားလေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Whoop Performance Strap 3.0

Whoop Performance Strap 3.0

Photo : POPSUGAR

Whoop Performance Strap 3.0 လေးက ကွီးတို့ရဲ့ တစ်နေ့တာ လေ့ကျင့်ခန်း အစီအစဉ်ပေါ်မူတည်ပြီး ဘယ်လောက်အတိုင်းအတာအထိ ပြန်လည် အနားယူပေးရမယ် ၊ အချိန်ဘယ်နာရီ အိပ်စက်သင့်တယ်ဆိုတာကို တွက်ချက်ပေးပါတယ်။ ကိုယ့်ရဲ့ Daily Performance Goals တွေပေါ် မူတည်ပြီး တစ်ရက်ကို အိပ်ချိန်ဘယ်လောက် လိုအပ်တယ်ဆိုတာကို သိနိုင်မှာဖြစ်တဲ့အပြင် ကွီးတို့ လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်း အမျိုးအစားနဲ့ အဆိုပါလေ့ကျင့်မှုပုံစံရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ် အချက်အလက်ကျကျ ဖော်ပြပေးမယ့် အကျိုးကျေးဇူးတွေ ရနိုင်မှာ ဖြစ်ပါတယ်။

(၂) Powerbeats Pro Totally Wireless Earphones

Powerbeats Pro Totally Wireless Earphones

Photo : 9to5Mac

အားကစားသမားတွေအတွက် Earphones ကောင်းကောင်းတစ်ခုကလည်း သေချာပေါက် လိုပါတယ်။ Powerbeats Pro Totally Wireless Earphones က အသံပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားပြီး နားထဲမှာ အံဝင်ခွင်ကျရှိတဲ့အပြင် ချွေးစို ၊ ရေစိုဒဏ်တွေကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိတဲ့အတွက် Indoor / Outdoor အားကစားသမားတွေအတွက် အထူးသင့်တော်ပါတယ်။

(၃) Upright Go 2 Posture Trainer

Upright Go 2 Posture Trainer

Photo : Ryan and Alex Duo Life

ဒီပစ္စည်းလေးကတော့ မှားယွင်းတဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးမယ့် အထာကျကျ Gadget လေးတစ်ခုပါပဲ။ ကွီးတို့ မတ်တပ်ရပ်နေချိန် ၊ ထိုင်နေချိန်တွေမှာ ကိုယ်ဟန်အနေအထား မှားယွင်းနေတယ်ဆိုပါက ညင်သာတဲ့တုန်ခါမှုစနစ်နဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ဖို့ သတိပေးချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ Upright Go 2 Posture Trainer သုံးပြုမယ်ဆိုရင် နှစ်ပတ်အတွင်း ကိုယ်ဟန်အနေအထား သိသိသာသာ ကွာခြားမှုကို မြင်တွေ့ရမှာပါ။

(၄) PowerDot 2.0 Smart Electric Muscle Stimulator

PowerDot 2.0 Smart Electric Muscle Stimulator

Photo : Domayne

PowerDot 2.0 Smart Electric Muscle Stimulator ကတော့ အားကစားသမားတွေရဲ့ Recovery နဲ့ Performance အတွက် အကောင်းဆုံး Devices တွေထဲက တစ်ခုဖြစ်ပါတယ်။ အရွယ်အစား သေးငယ်တဲ့အတွက် သယ်ဆောင်ရလွယ်ကူပြီး Bluetooth ကနေ တစ်ဆင့် သတ်မှတ်ထားတဲ့ ကြွက်သားအုပ်စုတွေ လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ App ကို ဒေါင်းလုဒ်ဆွဲပြီး PowerDot 2.0 Smart Electric Muscle Stimulator Device ကို ဖုန်း သို့မဟုတ် တက်ဘလက်နဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) Hidrate Spark 3 Smart Water Bottle

Hidrate Spark 3 Smart Water Bottle

Photo : Hidrate Spark

Workout Routine ထဲမှာ ရေသောက်ဖို့က မပါမဖြစ်တဲ့ အချက်တစ်ခုပါ။ BPA-free Hidrate Spark 3 Smart Water Bottle ကတော့ အားကစားသမားတွေရဲ့ ရေသောက်သုံးမှုနှုန်းကို Tracking လိုက်ပေးမှာဖြစ်ပြီး တစ်နေ့တာ လိုအပ်တဲ့ ရေဓာတ်ဖြည့်တင်းဖို့ လိုနေသေးပါက မမေ့မလျော့ဖို့ Remind လုပ်ပေးနေမှာ ဖြစ်ပါတယ်။

Featured Photo : Water Bottle Manufacturer