ချစ်သူနှစ်ဦးအတွက် ရိုမန့်တစ်ဆန်တဲ့ အချိန်ကောင်းလေးတွေ ဖန်တီးဖို့ဆိုရင် ခရီးသွားခြင်း ကလည်း စိတ်ကူးကောင်းပါပဲ။ ခရီးသွားခြင်းဖြင့် ကွီးတို့ အချင်းချင်း နားလည်မှုများ ပိုတိုးလာနိုင်ပါတယ်။ နေရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ခံစားရင်း ကိုယ်ချစ်တဲ့သူနဲ့ ခရီးသွားရတာက ဘာနဲ့မှ မလဲနိုင်တဲ့ ကြည်နူးပျော်ရွှင်မှုပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ချစ်ရသူလေးနဲ့ တစ်ခေါက်လောက်တော့ ရောက်အောင် သွားရမယ့် ကမ္ဘာပေါ်က လှပတဲ့ နေရာလေးတွေကို ဝေမျှပေးချင်ပါတယ်။
Santorini ဂရိ
Photo : CN Traveller
ဂရိမှာ ရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ Santorini ရင်သပ်ရှုမောဖွယ် မြင်ကွင်းများ၊ အလှပဆုံးသော နေဝင်ချိန်များနဲ့ အကောင်းဆုံး ဟိုတယ်များ တည်ရှိတဲ့ လှပတဲ့ နေရာတစ်ခုပါ။ Santorini က ချစ်သူစုံတွဲတိုင်းအတွက် ရိုမန့်တစ် အဆန်ဆုံး နေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ချစ်ရသူလေးနဲ့ အနီးအနားက ကမ်းခြေများကို ရွက်လွှင့်ပြီး သဘာဝအလှတရားကို ခံစားနိုင်သလို၊ နေဝင်ချိန်ကို အတူရှုစားရင်း အချိန်ကောင်းလေးတွေကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။
ပါရီ၊ ပြင်သစ်
Photo : Klook
ကမ္ဘာပေါ်က ဖက်ရှင်မြို့တော်၊ လှပပြီး လည်ပတ်လို့ကောင်းတဲ့ ရိုမန့်တစ်ဆန်တဲ့ မြို့ဆိုရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို တန်းပြီးမြင်မိကြမှာပါ။ ပဲရစ်မြို့မှာ ခမ်းနားမှုတွေ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေပြီး ကွီးတို့ကို မျက်စိမလွှဲနိုင်အောင် စွဲဆောင်နေမှာ အသေအချာပါပဲ။ ချစ်ရသူလေးနဲ့ Eiffel Tower ကို အရောက်သွားပြီး အမှတ်တရလေးတွေ မှတ်တမ်းတင်ပါ။ အရသာရှိတဲ့ ပြင်သစ် အစားအစာတွေ၊ အကောင်းစား ပြင်သစ်ဝိုင်တွေကိုလည်း မြည်းစမ်းကြည့်ခဲ့ဖို့ မမေ့ပါနဲ့။
ကျိုတို၊ ဂျပန်
Photo : Queens
ကွီးတို့ရေ ချစ်ရသူလေးနဲ့အတူ ခြေရာလေးများချဖို့ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ကလည်း ရွေးချယ်သင့်တဲ့ နေရာကောင်းလေး တစ်ခုပါပဲ။ သမိုင်းဝင် Gion ခရိုင်ရဲ့ မိုးမခများနှင့် စက္ကူမီးပုံးများမှသည် ငြိမ်သက်အေးချမ်းနေသော ဥယျာဉ်များနှင့် ဘုရားကျောင်းများ အထိ၊ ကျိုတိုသည် ဆွဲဆောင်မှုအပြည့်ရှိသော မြို့ပြအပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ရဲ့ ရိုးရာယဉ်ကျေးမှု အငွေ့အသက်များကိုလည်း ခံစားနိုင်ပါတယ်။ ဂျပန်အစားအစာတွေကို မြည်းစမ်းကာ ကျိုတိုမြို့ကို လည်ပတ်ရင်းနဲ့ နှစ်ဦးသား လှပတဲ့ အခိုက်အတန့်လေးတွေ ဖန်တီးနိုင်ပါတယ်။
ဘာလီ၊ အင်ဒိုနီးရှား
Photo : Affordable Luxury Travel
အင်ဒိုနီးရှားမှာရှိတဲ့ ဘာလီကျွန်းကလေးက အုံ့ဆိုင်းနေသော ဒဏ္ဍာရီလာ တောင်တန်းများ နှင့် လှပတဲ့ ကမ်းခြေတည်ရှိရာ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အလှပဆုံးနေရာများထဲက တစ်ခုဖြစ်ပြီး ချစ်သူစုံတွဲတို့အတွက် ရိုမန်တစ် အဖြစ်ဆုံးနေရာများထဲက တစ်ခုလည်း ဖြစ်ပါတယ်။ စိမ်းလန်းသော အပူပိုင်းဒေသရှုခင်းများနဲ့ မှော်ဆန်ဆန်လှပသော ဘာလီကျွန်းလေးမှာ ချစ်သူလေးနဲ့ ချစ်ကြိုးသွယ်ဖို့ အကောင်းဆုံး နေရာတစ်ခုဆိုလည်း မမှားပါဘူး။
Amalfi Coast၊ အီတလီ
Photo : Travel + Leisure
ချစ်ရသူလေးနဲ့ ရောက်အောင်သွားဖို့ နောက်ထပ်ဖော်ပြပေးချင်တဲ့ နေရာလေးတစ်ခုကတော့ အီတလီနိုင်ငံမှာ ရှိတဲ့ Amalfi Coast ပဲ ဖြစ်ပါတယ်။ ဒီနေရာလေးကလှပပြီး ချစ်ရသူလေးနဲ့ အတူ အပန်းဖြေခရီးထွက်ဖို့ နေရာကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဒီနေရာလေးမှာ တောင်စောင်းများတစ်လျှောက်မှာ တောက်ပတဲ့အရောင်အသွေးရှိသော အိမ်လေးများ ရှိပြီး ထူးခြားလှပသော ရှုခင်းကို ဖော်ဆောင်ပါတယ်။ အီတလီအစားအစာများကို မြည်းစမ်းကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း စားသောက်ဆိုင်ကောင်းလေးတွေ ရှိပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ နေရာကောင်းလေးတွေကို ချစ်သူလေးနဲ့ အတူ ခြေရာလေးများ ချဖို့ တစ်ခေါက်လောက်တော့ ရောက်အောင်သွားပါ။
Source : CN Traveller
Featured Photo : Exotic