ကားမောင်းပြိုင်တဲ့ ဂိမ်းတွေ၊ ဆိုင်ကယ်မောင်းတဲ့ ဂိမ်းတွေ ကစားရတာ ကြိုက်နှစ်သက်ပါသလား။ ယနေ့ခေတ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူ စမတ်ဖုန်းတွေကလည်း စွမ်းဆောင်ရည်များ မြင့်မားလာပါပြီ။ ဒါကြောင့် အခုဆိုရင် အလန်းစားဂိမ်း တော်တော်များများကို ဖုန်းမှာ ကစားနိုင်နေပြီပဲ ဖြစ်ပါတယ်။ ကွီးတို့အတွက် မိုဘိုင်းလ်ဂိမ်း များကို စဉ်ဆက်ဖော်ပြခဲ့ရာမှာ ဒီတစ်ခါမှာတော့ Racing ဂိမ်းတွေကို အဓိကထားပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘာလာလာ မောင်းမယ် ဆိုတဲ့ ကွီးတို့အတွက်ကတော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။ ဆက်လက်ပြီးတော့ အမိုက်စား မိုဘိုင်းလ်ဂိမ်း တွေကို ကြည့်လိုက်ရအောင်ဗျာ။

Motorsport Manager Mobile 3

Source : Motorsport Manager

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ ဒီဂိမ်းလေးကတော့ ပြိုင်ကားများနှင့် ယာဉ်မောင်းအသစ်များကို စုဆောင်းရန်အတွက် စီမံခန့်ခွဲရေးကိုပါ ပေါင်းစပ်ထားတဲ့ ဗျူဟာဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားများက ပြိုင်ကားသမားအသစ်များကို ငှားရမ်းနိုင်ပြီး အသင်းတစ်သင်းကို အစမှတည်ဆောက်ကာ၊ ကားများကို စိတ်ကြိုက်ပြင်ဆင်ကာ ကစားနိုင်ပါတယ်။

Rally Fury – Extreme Racing

Source : Refuel Games Pty Ltd

ဒီ Racing ဂိမ်းကတော့ ကွီးတို့ တစ်ယောက်တည်း ကစားမယ်ဆိုရင် AI နဲ့ ယှဉ်ပြိုင်ကစားနိုင်ပြီး ဘော်ဒါတွေနဲ့ ကစားမယ်ဆိုရင်တော့ Multiplayer Mode နဲ့ ကစားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ပြင်းထန်တဲ့ ပြိုင်ကားမောင်းပြိုင်ပွဲကို စိတ်လှုပ်ရှားဖွယ် ဆင်နွှဲချင်ရင်တော့ ဒီဂိမ်းလေးက ကွက်တိပါပဲ။

F1 Mobile Racing

Source : EA SPORTS F1

F1 Mobile Racing ဂိမ်းကတော့ Formula 1 World Championship အတွက် တရားဝင်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် F1 ကားကို တီထွင်ပြီး စိတ်ကြိုက်ပြင်ဆင် ကစားနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းကို ထိန်းချုပ်ရာမှာ ချောမွေ့ပြီး အထူး Graphics များကလည်း ပိုပြီးကစားလို့ကောင်းအောင် ပံ့ပိုးပေးထားပါတယ်။ ကွီးတို့ကို စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးနိုင်ပြီး Formula 1 ကားပြိုင်ပွဲကို ကိုယ်တိုင်ဝင်ပြိုင်နေသလို ခံစားမှုကို ရရှိစေပါလိမ့်မယ်။

Real Bike Racing

Source : Italy Games

ဒီတစ်ခါဖော်ပြချင်တာကတော့ ဆိုင်ကယ်မောင်းတဲ့ ဂိမ်းလေးပါ။ ဒီဂိမ်းထဲမှာ QuickGame မုဒ်တွင် ယှဉ်ပြိုင်ရန် ဟော်လန်နှင့် အာဂျင်တီးနားကဲ့သို့သော မြေပုံများ ပါရှိတယ်။ Career Mode မှာ စိန်ခေါ်မှုအဆင့် ၁၈ ဆင့်ကို  ကျော်ဖြတ်ကာ ကမ္ဘာ့ချန်ပီယံရှစ်မှာ ပါဝင်ကစားနိုင်ပါတယ်။ ကားချည်းပဲ မောင်းရတာ ပျင်းလာရင် ဒီဂိမ်းလေးကို ကစားကြည့်ပါ။

CarX Highway Racing

Source : Mobile Game Trailer

CarX Technologies မှ ဖန်တီးထားသည့် CarX Highway Racing ကလည်း အမိုက်စား ပြိုက်ကားဂိမ်းတစ်ခု ပါပဲ။ ဒီဂိမ်းမှာ ကန့်သတ်ချက်များမရှိဘဲ ကစားသမားများ စိတ်ကျေနပ်မှု ရရှိအောင် မောင်းနှင်နိုင်စေမည့် Free Ride မုဒ် လည်းပါရှိပါတယ်။

ဘာလာလာ မောင်းမယ် ဆိုတဲ့ ကွီးတို့ရေ စိတ်ကြိုက်သာ ဒေါင်းလုဒ်ဆွဲပြီး ပြေးလမ်းပေါ်မှာ အပီကစ်လိုက်တော့ဗျို့။

Source : Game Rant

Featured Photo : Blog