တိုက်စစ်မှာ ဘန်ဇီမာ ဟာဇက်တို့ကို လက်လွတ်ထားရပြီး ဘယ်ခြမ်း ခံစစ်မှာလည်း ကစားသမားကောင်းတစ်ဦးလောက် လိုအပ်နေတဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ဒီနွေမှာ ကစားသမား အနည်းငယ်လေးသာ ခေါ်ယူထားအပြီး သူတို့ရဲ့ ကစားသမား ခေါ်ယူမှုက ပြီးဆုံးသွားပြီလို့ အသင်း ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပရိသတ်ကို အသိပေးသွားခဲ့ပါတယ်။

bellingham

Photo Credit : The Mirror

ရီးယဲလ်က ဒီရာသီမှာ အသင်းအတွက် ထိပ်တန်း ကစားသမား ဖြည့်တင်းမှုအဖြစ် ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက် အင်္ဂလန် ကြယ်ပွင့်လေး ဂျူဒ် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းနဲ့ ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ထိပ်တန်း ကလပ်အသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူထားခဲ့ရတဲ့ ဘယ်လင်ဟမ်ဟာ ရီးယဲလ်ရဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်သော လူကာ မိုဒရစ် နဲ့ တိုနီ ကရူးစ်တို့နေရာမှာ အစားထိုးနိုင်မယ့် ခေါ်ယူမှုလည်း ဖြစ်ခဲ့ရပါတယ်။

diaz

Photo Credit : Lider en deportes

ဒါ့အပြင် ဘယ်ခြမ်း ခံစစ် နေရာအတွက်ကိုလည်း အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ left-back player လေး ဖာရန် ဂါစီယာကို ဗယ်လက်ကာနိုအသင်းကနေ ယူရို (၅)သန်းနဲ့ ခေါ်ယူခဲ့သလို အေစီမီလန်အသင်းမှာ အငှားချထားတဲ့ စပိန် ကွင်းလယ် တိုက်စစ်ကစားသမား ဘရာဟင် ဒီးယက်ဇ်ကိုလည်း အငှားပြည့်လို့ အသင်းဆီ ပြန်ခေါ်ယူခဲ့ကာ စာချုပ်သက်တမ်းပါ တိုးမြှင့်ခဲ့ပါတယ်။

joselu madrid

Photo Credit : Clutch Points

ဒါပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေသေးတဲ့ ရီးယဲလ်က ဟာရီကိန်း ၊ ကိုင်း ဟာဗက်ဇ် ၊ ရောဘတ်တို ဖာမီနို ၊ ကိုလို မူအာနီ နဲ့ လော်တာရို မာတီနက်ဇ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကစားသမားဟောင်း ဟိုဆယ်လူကိုသာ တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူခဲ့ပြီး ဟိုဆယ်လူရဲ့ အပြောင်းအရွှေ့ဟာလည်း ဒီနွေအတွက် ရီးယဲလ်အသင်းရဲ့ နောက်ဆုံး ကစားသမား ခေါ်ယူမှု ဖြစ်သွားခဲ့ပြီလို့ ဥက္ကဌ ပီရက်ဇ်က အတည်ပြုသွားခဲ့ပါတယ်။