ချယ်လ်ဆီးအသင်းက မေဆန်မောင့်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်တယ်။ ဦးစားပေးအဆင့်နဲ့ကို လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် လစာပိုင်းမှာ အဆင်မပြေ ဖြစ်ခဲ့လို့ စာချုပ်ကိစ္စ တစ်ခန်းရပ်သွားရပြီး ဒီဈေးကွက်အတွင်းမှာပဲ လက်တွဲဖြုတ်ကြဖို့ကိုပဲ ဦးတည်လာခဲ့တယ်။
Photo Credit : Sky Sports
ဒီလို အခြေအနေမျိုး ရှိနေတဲ့ မေဆန်မောင့်ကို ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ ပစ်မှတ်ထားလာခဲ့တယ်။ မောင့်ကတော့ အဲ့ဒီအသင်းတွေထဲကမှ သူ့ကို လစာ ကောင်းကောင်းပေးနိုင်မယ့် မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ခဲ့တယ်။ ယူနိုက်တက် နဲ့ မောင့်တို့ကြား သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်။ ဒီအချိန်မှာ အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့အတွက်က ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ကြား မောင့် ပြောင်းရွှေ့ကြေးကိုသာ သဘောတူညီမှုရအောင် လုပ်ဆောင်ဖို့ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
ဒါကြောင့် ယူနိုက်တက်ဘက်ကနေ မောင့်အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)နဲ့ စတင် ကမ်းလှမ်းလိုက်တယ်။ ချယ်လ်ဆီးက ဒီကမ်းလှမ်းချက်ကို ဟင့်အင်းပဲ။ သူတို့က မောင့်အတွက် ပေါင် သန်း(၇၀)ဝန်းကျင်လောက်အထိ မျှော်မှန်းထားတာမို့ အခုလို သန်း(၄၀)နဲ့ ကမ်းလှမ်းတာကို ချက်ချင်း ပယ်ချလိုက်တယ်။ အဲ့ဒါကို ယူနိုက်တက်က လက်မလျှော့သေးပဲ second bid အဖြစ် ပေါင် သန်း(၅၀)နဲ့ ထပ်ပြီး ကမ်းလှမ်းလိုက်ပါတယ်။
Photo Credit : Football London
ယူနိုက်တက်ရဲ့ နောက်တစ်ကြိမ် ကြိုးပမ်းမှုက ပြောင်းရွှေ့ကြေးကို လက်ငင်းငွေသာ ပေါင် (၄၅)သန်း အပိုဆုကြေး (၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းချက်ကိုလည်း ချယ်လ်ဆီးက No ပါပဲ။ ခုလို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပယ်ချခံထားရပေမယ့် မောင့်ကိုယ်တိုင်က ယူနိုက်တက်မှ ယူနိုက်တက် ဖြစ်နေတဲ့အတွက်ကြောင့် ချယ်လ်ဆီးအနေနဲ့ ကစားသမားဆန္ဒကို လိုက်လျောပေးဖို့လည်း ရှိနေသလို အသင်းကို ရောက်လာချင်နေတဲ့ ကစားသမား ဖြစ်နေတာမို့ ယူနိုက်တက်ဘက်ကလည်း တတိယအကြိမ် ကမ်းလှမ်းမှုမှာ ချယ်လ်ဆီး အလိုရှိနေတဲ့ ပမာဏနီးပါးလောက်အထိ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
Featured Photo : talkSPORT