အေစီမီလန်အသင်းရဲ့ အီတလီ ကွင်းလယ် ကစားသမား ဆန်ဒရို တိုနယ်လီ ဟာ လာမယ့် ဘောလုံးရာသီမှာတော့ နယူးကာဆယ် ယူနိုက်တက်အသင်းနဲ့အတူ ဘောလုံး ပရိသတ်တွေ အလွန် နှစ်သက်ကြတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးထဲမှာ ဝင်ရောက် ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။

tonali milan

Photo Credit : The Athletic

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာထိ ရောက်ရှိခဲ့လို့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာပဲ အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို အသေအချာလေး လုပ်ဆောင်သွားဖို့ ရှိနေပြီး လက်ရှိမှာလည်း ဒီနွေရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် တိုနယ်လီ ကို ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။

sandro tonali

Photo Credit : Planet Sport

တိုနယ်လီ ဆိုတာက အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ တစ်ဦးဖြစ်ပြီး သူရဲ့ ကစားတဲ့ ပုံစံ နည်းစနစ် ကြယ်ဝမှုတွေနဲ့ ရွေ့လျားမှုတွေ အီတလီရဲ့ legend player ကြီး ပီယာလိုနဲ့ ဆင်တူနေပါတယ်။ ဆယ်ကျော်သက် အရွယ်မှာပဲ ဘရက်စီယာအသင်းနဲ့ ကျော်ကြားလာခဲ့ပြီး အီတလီ လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရသူ တိုနယ်လီက ၂၀၂၀ ကတည်းက မီလန်ဆီကို တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ရောက်ရှိလာခဲ့ကာ ၂၀၂၁ခုနှစ်မှာတော့ မီလန်က တိုနယ်လီကို (၅)နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။

tonali newcastle

Photo Credit : talkSPORT

လက်ရှိမှာ မီလန်အသင်းနဲ့အတူ (၃)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီး ပွဲပေါင်း (၁၃၀) ပါဝင်ကစားထားနိုင်ခဲ့တဲ့ တိုနယ်လီ က နယူးကာဆယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀) (၆)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် တစ်နှစ်လုပ်ခ ယူရို (၈)သန်း + အပိုဆုကြေး ယူရို (၂)သန်း စုစုပေါင်း ယူရို (၁၀)သန်းနဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှုတွေ ရရှိခဲ့ပါပြီ။ လက်ရှိမှာလည်း နယူးကာဆယ်က တိုနယ်လီကို ဆေးစစ်ဖို့အတွက် စတင် လုပ်ဆောင်နေပြီဖြစ်ပြီး နောက်ထပ် ကစားသမားသစ်တွေကိုလည်း ထပ်မံ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

Featured Photo : Clutch Points