ကျွန်တော်တို့ တစ်ရက်တာ ၂၄ နာရီလုံးမှာ ၁၀ မိနစ်လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ကိုလုပ်သင့်ပါတယ်။ အထူးသဖြင့် အလုပ်များတဲ့သူတွေ ၊ တစ်နေ့တာလုံး ထိုင်ပြီးအလုပ်လုပ်ရတဲ့ သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ အထိုင်များတယ်ဆိုတာ မကျန်းမာခြင်းတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ အချိန်ကြာလာတာနဲ့အမျှ အဆီတက်ပြီး ဗိုက်ခေါက်ထူထူ အဝလွန်လာပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လုံးဝ မကောင်းပါဘူး။ အဝလွန်တာဟာ နှလုံးသွေးတိုးတို့လို နာတာရှည်ရောဂါတွေနဲ့လည်း ဆက်စပ်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းတဲ့ ပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။
Photo : The Manual
ကျန်းမာမှ ကွီးတို့လုပ်ချင်တဲ့အရာတွေ ၊ ဘဝရည်မှန်းချက်တွေကို ပြည့်မှီအောင် ကြိုးစားလုပ်ဆောင်နိုင်မှာပါ။ ဒီအတွက် တစ်ရက်ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလုပ်ပေးဖို့ ထိုက်တန်ပါတယ်။ အခုပြောပြပေးမှာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်အရမ်းများပါတယ်ဆိုတဲ့ ကွီးတွေ ၊ တစ်နေ့ကုန်အထိုင်များပြီး ဝိတ်တက်လာနေတဲ့ ကွီးတွေအတွက် အချိန်အများကြီးပေးစရာလို ၊ Gym သွားစရာလည်းမလို ၊ အားကစားကိရိယာတွေ ထွေထွေထူးထူးမလိုပဲ အိမ်မှာတင် လုပ်လို့ရမယ့် အမိုက်စား ၁၀ မိနစ်စာ Fat Burning Workout အစီအစဉ်ကို မျှဝေပေးမှာ ဖြစ်ပါတယ်။
ဒီ ၁၀ မိနစ်စာ Fat Burning Workout ဟာ ကိုယ်ကာယ ကြံ့ခိုင်ရေးနည်းပြနဲ့ ThenX Founder ဖြစ်တဲ့ Chris Heria ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ လေ့ကျင့်ခန်းပြုလုပ်ရမယ့် တစ်ခုချင်းစီကို အသေးစိတ်ရှင်းပြ ထားပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ Butt Kicks ၊ Burpees ၊ Jumping Jacks ၊ Jump Switching Lunges ၊ Squat Taps ၊ Switching Mountain Climbers ၊ Shoulder Taps ၊ Seated Leg Kicks ၊ Seated Leg Flutters နဲ့ Bicycle Crunch ဆိုပြီး မတူညီတဲ့ Movements ၁၀ ခု ပါဝင်ပါတယ်။
Photo : Lifestyle Asia Hong Kong
လေ့ကျင့်ခန်း တစ်ခုကို ၄၅ စက္ကန့်စီ မနားတမ်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ လွယ်ကူပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကယ်လိုရီများများ လောင်ကျွမ်းစေပြီး ကြံ့ခိုင်မှုစွမ်းအားကို တိုးစေတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအပေါ် သက်ရောက်မှု ရှိပါတယ်။
Source : THENX
ကဲဒါဆို အလုပ်များပါတယ်ဆိုတဲ့ ကွီးတို့အနေနဲ့ ဘာ Equipment မှမလိုပဲ အဆီပိုတွေ လောင်ကျွမ်းပြီး ကျန်းမာကျစ်လစ်တဲ့ ဘော်ဒီကိုပိုင်ဆိုင်နိုင်ဖို့ Chris Heria ရဲ့ ၁၀ မိနစ်စာ Fat Burning Workout ဗီဒီယိုနဲ့အတူ လေ့ကျင့်ခန်း လုပ်လိုက်ကြပါစို့။
Featured Photo : THENX