မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီနွေမှာ လှုပ်ရှားမှု သိပ်ရှိမနေပဲ မေဆန် မောင့် တစ်ဦးတည်းကိုသာ တရားဝင် ကမ်းလှမ်းမှုတွေ (၃)ကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ (၃)ကြိမ်လုံးကို ချယ်လ်ဆီးဘက်က ပယ်ချထားခဲ့လို့ ယူနိုက်တက်အနေနဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှု မပြုလုပ်တော့ပဲ လက်လျှော့လိုက်ဖို့သာ ရှိနေပါတယ်။
Photo Credit : The Athltetic
ဒီနွေမှာပဲ ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်သွားတော့မယ့် မေဆန်မောင့်ကို ယူနိုက်တက် က ပေါင် သန်း(၄၀) ၊ ပေါင် သန်း (၅၀) ၊ ပေါင် (၅၅)သန်းတို့နဲ့ (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ချယ်လ်ဆီးဘက်က ငြင်းဆန် ပယ်ချထားခဲ့တဲ့အပြင် မောင့် ကို ပေါင် (၆၅)သန်းနဲ့ ကမ်းလှမ်းလာမှပဲ ရောင်းချသွားမယ်လို့ပါ အကြောင်းပြန်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ မေဆန်မောင့်ကို သူတို့ အမှန်တကယ် အလိုရှိနေပေမယ့်လည်း ကစားသမားမျိုးအတွက် ပေါင် (၆၅)သန်းအထိ အသုံးပြုသွားဖို့ ဆန္ဒမရှိသလို ဒီတန်ကြေးက လက်တွေ့မဆန်ဘူးလို့ပါ ယူဆထားတဲ့အတွက် ကမ်းလှမ်းမှုကို အဆုံးသတ်လိုက်ဖို့ အခြေအနေ များသွားခဲ့ပါတယ်။
Photo Credit :
တကယ်တော့ ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ကြား ဘာ သဘောတူညီချက်မှ မရရှိသေးခင်မှာပဲ ယူနိုက်တက် နဲ့ မေဆန် မောင့် တို့ရဲ့ကြား သဘောတူညီမှု ရရှိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ဖို့က ကစားသမားနဲ့ personal agreed ရရုံနဲ့တင် မပြည့်စုံပဲ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးထိ အဆင်ပြေမှသာ အပြောင်းအရွှေ့က အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ ယူနိုက်တက်က မေဆန်မောင့်အတွက် ပေါင် (၅၅)သန်းထက် ပိုပြီး အသုံးပြုဖို့ ဆန္ဒမရှိလို့ ဒီအပြောင်းအရွှေ့က တစ်ခန်းရပ်သွားရဖွယ်သာ ရှိသွားခဲ့ပါတယ်။
Photo Credit : Sky Sports
အခုတော့ ယူနိုက်တက် က မောင့် ကို လက်လျှော့ပြီး နောက်ထပ် ပရီးမီးယားလိဂ်က ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ဒက်ကလန် ရိုက်စ် နဲ့ မွိုက် ကိုင်စီဒိုတို့ကိုသာ ပြောင်းလဲ ပစ်မှတ်ထားသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် မကြာခင်မှာပဲ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ကိုလည်း ထပ်မံ ကြိုးစားလာဖွယ် ရှိနိုင်ပါတယ်။
Featured Photo : CaughtOffside