လူတိုင်း အောင်မြင်ချင်တဲ့ သူတွေချည်းပါပဲ။ သို့သော်လည်း လူအများကြီးထဲမှာ လူအနည်းစုကပဲ အောင်မြင်မှုကို ရရှိကြတာပါ။ ကိုယ့်ဘဝရဲ့ အောင်မြင်မှုလို့ သတ်မှတ်နိုင်တဲ့ မှတ်တိုင်တစ်ခုကို ရောက်ဖို့က လွယ်ကူတာတော့ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့ ပေးဆပ်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေ ရှိရစမြဲပါ။ ဒီနေ့ခေတ် နေရာတစ်ခု သို့မဟုတ် နယ်ပယ်တစ်ခုကို ရောက်နေတဲ့ အောင်မြင်သူတိုင်းမှာ တူညီတဲ့ အချက် (၃) ချက်ရှိပါတယ်။ ဒါကတော့ ကြိုတင်ပြင်ဆင်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ကျရှုံးမှုကနေ သင်ယူခြင်း စတာတွေရဲ့ ရလဒ်ပါပဲ။ အောင်မြင်မှု အတွက် လျှို့ဝှက်ချက်ဆိုတာလည်း မရှိပါဘူး။ ကွီးတို့လည်း ဒီ (၃) ချက်ကို နှလုံးမူပြီး ကျင့်သုံးသွားရင် အောင်မြင်မှုက လက်တစ်ကမ်း မှာပါပဲ။

ဘာကြောင့် ဒီ (၃) ချက်က အောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်တာလဲဆိုတာ ကြည့်လိုက်ရအောင်။

ကြိုတင်ပြင်ဆင်မှု

အောင်မြင်မှုက လက်တစ်ကမ်း

Photo : Lee Botti & Associates

ကွီးတို့ရေ တစ်ခုခုကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဒါမှမဟုတ် ကိုယ့်ပန်းတိုင်ကို ရောက်ရှိဖို့ နေ့ချင်းညချင်း တန်းပြီး ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာပါ။ ကိုယ်လိုအပ်တဲ့ အရာအားလုံး အဆင်သင့်ဖြစ်လာတဲ့အထိ မစောင့်ပါနဲ့။ ပထမခြေလှမ်းဖြင့် စတင်ပြီး ဆက်လက်လှုပ်ရှားပါ။ ကိုယ့်အောင်မြင်မှုအတွက် လိုအပ်တဲ့ ကိုယ့်အရည်အချင်းတွေကို မြှင့်တင်ပါ။ ဒီအချက်က ကွီးတို့ အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်ဖို့ အရေးကြီးတဲ့ ပထမဆုံး အချက်ပါပဲ။

ကြိုးစားအားထုတ်မှု

အောင်မြင်မှုက လက်တစ်ကမ်း

Photo : Lost at Say

အောင်မြင်မှု ပန်းတိုင်တွေရောက်ဖို့ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ကြိုးစားအားထုတ်မှု မရှိပဲနဲ့တော့ ဘာကိုမှ မရနိုင်ပါဘူး။ အလုပ်မကြိုးစားဘဲ ထိပ်ဆုံးရောက်တယ်ဆိုတာ မရှိကြောင်း နားလည်ပါ။ ကွီးတို့မှတ်ထားရမှာက ကြိုးစားသူတိုင်းအတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အနည်းနဲ့ အမြန်ရောက်ရှိမယ် ဆိုတာပါပဲ။ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားပါ။ အချိန်မဆွဲပဲ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပါ။

ကျရှုံးမှုတွေက သင်ယူခြင်း

Photo : ATD

အောင်မြင်မှု လမ်းကြောင်းကို လျှောက်လှမ်းနေချိန်မှာ အဆင်မပြေမှုတွေ ကျရှုံးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ထိုသို့ ကြုံတွေ့ရတဲ့အခါ စိတ်ပျက်မသွားပါနဲ့၊ အရှုံးမပေးပါနဲ့ ဆက်ပြီးကြိုးစားပါ။ အောင်မြင်သူတွေဟာ ကျရှုံးမှုတွေကို ကျရှုံးမှုလို့ မမြင်ပါဘူး။ ၎င်းတို့ကို အရေးကြီးသော သင်ခန်းစာအဖြစ် မြင်ပါတယ်။ ဒီလိုအမှားတွေ၊၊ ကျရှုံးမှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့၊ သတိထားဆင်ခြင်နိုင်ဖို့ ကိုယ်တိုင်ပေးတဲ့ သင်ခန်းစာတွေပါ။ ကျရှုံးမှုတိုင်းကို သင်ခန်းစာတစ်ခု သို့မဟုတ် အခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်းက ကွီးတို့ကို အောင်မြင်မှုဆီသို့ တတ်လှမ်းနိုင်မယ့် လှေကားထစ် တစ်ခုပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ကွီးတို့အတွက် တောက်ပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်စေဖို့၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်နိုင်စေဖို့ လိုအပ်တဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။

Source : Coaching Authority

Featured Photo : Success Gesture