အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုင်ရှင်သစ် တော့ဒ်ဘိုလီက ချယ်လ်ဆီး အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေမှာ ရှယ်အသုံးကြမ်းခဲ့ရာ အသုံးစရိတ်က ပေါင် သန်း(၆၀၀)ကျော်သွားခဲ့ရတဲ့အတွက် FFP rules တွေနဲ့ မညှိစွန်းစေဖို့အတွက် ဒီနွေမှာပဲ ကစားသမားတွေကို မဖြစ်မနေ ရောင်းချဖို့က လိုအပ်လာခဲ့ပါတော့တယ်။

todd boehly

Photo Credit : Sky Sports

ဒါကြောင့် ချယ်လ်ဆီးက အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ပြီဆိုတာနဲ့ ကစားသမား အဝင်ထက် အထွက်ကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ရာ အခု အသင်းရဲ့ ကွင်းလယ်လူ မေဆန်မောင့် မန်ချက်စတာယူနိုက်ဆီကို ပေါင် သန်း(၆၀)နဲ့ ပြောင်းရွှေ့ခဲ့အပြီးမှာပဲ ချယ်လ်ဆီး ရဲ့ ဒီနွေ ကစားသမားရောင်းချမှုကနေ ရလာတဲ့ ဝင်ငွေတွေက ပေါင် သန်း(၂၀၀)ကျော်သွားခဲ့ရပါတယ်။ ဆက်လက်ပြီး နောက်ထပ် ကစားသမား ရောင်းချမှုတွေလည်း ဆက်လက် မြင်တွေ့လာရဖွယ် ရှိနေသေးတာကြောင့် သေချာပေါက် FFP rules နဲ့ လွတ်ကင်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

chelsea summer out

Photo Credit : Twitter

ဒီနွေမှာ ချယ်လ်ဆီး အသင်းက လက်ရှိ အချိန်ထိ ကစားသမား (၇)ယောက်ကို ရောင်းချထားနိုင်ပြီဖြစ်ပြီး ကိုင်ဟာဗက်ဇ်ကို အာဆင်နယ်အသင်းဆီ ပေါင် (၆၅)သန်း ၊ မေဆန်မောင့်ကို မန်ယူနိုက်တက်အသင်းဆီ ပေါင် သန်း(၆၀) ၊ ကိုဗာချစ်ကို မန်စီးတီးအသင်းဆီ ပေါင် သန်း(၃၀) ၊ ကူလီဘလီကို အယ်လ်ဟီလယ်အသင်းဆီ ပေါင် (၁၉.၈)သန်း ၊ မန်ဒီကို အယ်လ်အာလီအသင်းဆီ ပေါင် (၁၆)သန်း ၊ လော့တပ်ဖ်ချိကို အေစီမီလန်အသင်းဆီ ပေါင် (၁၅)သန်း နဲ့ ဇီယာ့ရှ်ကို အယ်လ်နာဆာအသင်းဆီ ပေါင် (၈)သန်းတို့နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ စုစုပေါင်း ပေါင် (၂၀၈.၈)သန်းအထိ ဝင်ငွေ ပြန်လည် ရရှိထားခဲ့ပါတယ်။

jackson nkunku

Photo Credit : Jebreeetmedia

ဒီလို ရောင်းချမှုကြီးတွေ ပြုလုပ်ထားတဲ့ ချယ်လ်ဆီး က လက်ရှိမှာတော့ ကစားသမား အဝင် အဖြစ် လိုက်ပ်ဇ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာအန်ကွန်ကူ နဲ့ ဗီလာရီးယဲလ်ရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုလပ်စ်ဂျက်ဆန်တို့ကို ခေါ်ယူထားပြီး ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုတို့ကိုပါ ဆက်လက် ကြိုးပမ်းလျက် ရှိနေပါတယ်။

Featured Photo : Twitter