ဘိုင်ယန်မြူးနစ်အသင်းက စပါး တိုက်စစ် ကစားသမား ဟာရီကိန်း ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ဘာကြောင့်များ ဒီလို ယုံကြည်နေရပါသလဲ။ လက်ရှိ သတင်းတွေ ထွက်ပေါ်နေသလို ဘိုင်ယန် နဲ့ ကိန်းကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူထားရင်တောင် ခေါင်းမာလွန်းတဲ့ လီဗီးကြောင့် ကိန်း ပြောင်းရွှေ့ကြေးမှာ တိုင်ပတ်နိုင်တာကို ဘာကြောင့် ဘိုင်ယန်က confidence ဖြစ်နေရသလဲ။

harry kane

Photo Credit : TEAMtalk

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ နာမည်ကျော် ဂျာမန်သတင်းထောက် ခရစ္စတီယန် ဖော့ခ်က BBC 5 Live မှာ အင်တာဗျူး လုပ်ဆောင်ရင်း ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

“သောမတ်စ် တူဟယ်လ်လို အင်္ဂလန်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်က အသင်းကို ဘယ်သူလာနိုင်မလဲ ဘယ်သူမလဲနိုင်ဘူးဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်။ ပြီးတော့ ကိန်း မိသားစုနဲ့လည်း ဆွေးနွေးမှုတွေ ရှိခဲ့သေးတယ်။ ဘိုင်ယန်ကလည်း ကိန်းသာ စပါးကနေ ထွက်ခွာမယ်ဆိုတာ မသေချာဘူးဆိုရင် သူတို့ဘက်က ကမ်းလှမ်းမှု လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ပထမအဆင့်မှာ ကိန်းရဲ့မိသားစုအတူ အသေးစိတ် အကြောင်းအရာတွေ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဆောင်တာဖြစ်ပြီး နောက်ပြီးမှ ကမ်းလှမ်းခဲ့တာ။ အဓိက အချက်ကတော့ ဘိုင်ယန်ဟာ တခြားလိဂ်မှာ ရှိနေတာပါ။”

kane england

Photo Credit : Bayern Strike

“ကိန်း နဲ့ လီဗီကြားမှာလည်း တခြားလိဂ် အသင်းကနေ ကမ်းလှမ်းလာမယ် ၊ အဲ့ဒါကို ကိန်းလည်း စိတ်ဝင်စားမယ် ၊ လီဗီးလည်း လက်ခံနိုင်လောက်မယ်ဆိုရင် ဒီအပြောင်းအရွှေ့အတွက် ခေါင်းညိတ်ပေးသွားမယ်ဆိုတဲ့ သဘောတူညီချက် ရှိထားပါတယ်။ ကဲ အခု ကိန်းက ပြောင်းချင်နေပြီ။ ဘာလို့လဲဆိုတာ ခင်ဗျားလည်း သိနေမှာပဲလေ။ ဘိုင်ယန်ကိုသာ သွားမယ်ဆိုရင် ဒါက ဖလားတစ်လုံးအတွက် အာမခံချက် ရရှိသွားမှာ ဖြစ်သလို ဒါကလည်း ကိန်းအတွက်တော့ စိတ်ဝင်စားမှုကြီးပါပဲ။”

kane

Photo Credit : The Times

“တကယ်လို့ ကိန်းက ဒီနွေမှာ မပြောင်းခဲ့ရင်တောင် သူတို့(ဘိုင်ယန်)က စောင့်နေဦးမှာ။ စပါးအနေနဲ့ကတော့ ကိန်းအတွက် ယူရို သန်း(၈၀) ဒါမှမဟုတ် ယူရို သန်း(၉၀) လိုချင်တယ်ဆိုရင် သူတို့ ဆုံးဖြတ်ရပါတော့မယ်။ ဒါမှမဟုတ်ပဲ နောက်နှစ်မှဆိုရင်တော့ ကိန်းအတွက် တပြားမှ ရမှာ မဟုတ်ဘူး” လို့ သုံးသပ်သွားခဲ့ပါတယ်။ ဘိုင်ယန်က ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀) + အပိုဆုကြေးတို့နဲ့ ကနဦး ကမ်းလှမ်းထားခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို စပါးဘက်က ချက်ချင်း ပယ်ချထားခဲ့ပါတယ်။

Featured Photo : The Sun