လီဗာပူးလ်အသင်းကတော့ ဒီနှစ် နွေစျေးကွက်ထဲအလွန်ကို လျင်မြန်လွန်းလှတဲ့ လှုပ်ရှားမှုတွေနဲ့ အသင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ထိပ်တန်း ကစားသမား ဖြည့်တင်းမှု (၂)ခုကို အသေအချာ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

mac allister

Photo Credit : Sky Sports

စျေးကွက် စတင် ဖွင့်လှစ်ခင် ဘယ်အသင်းကမှ ခေါ်ယူမှုတွေ မပြုလုပ်သေးခင်မှာပဲ လီဗာပူးလ်တို့က လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း နေရာအတွက် အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားတဲ့ ဘရိုက်တန် ကွင်းလယ်လူ အလက်ဆစ် မက်အယ်လစ္စတာကို အရ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီတုန်းက လီဗာပူးလ်အသင်းရဲ့ transfer လှုပ်ရှားမှုဟာ အရမ်းကို သွက်လက် မြန်ဆန်ခဲ့ပြီး အယ်လစ္စတာလို ကစားသမားကောင်းတစ်ဦးကို ပြောင်းရွှေ့ကြေ ပေါင် (၃၅)သန်းပဲ အသုံးပြုပြီး လျင်လျင်မြန်မြန် ခေါ်ယူခဲ့ပါတယ်။

thuram

Photo Credit : Football Transfer

အယ်လစ္စတာကို ခေါ်ယူအပြီးမှာ လီဗာပူးလ်က နောက်ထပ် ကွင်းလယ်လူတွေဖြစ်သော ကီဖရန် သူရမ် နဲ့ မာနူ ကိုနေးတို့ကို ထပ်ပြီး ပစ်မှတ်ထားလာတယ်။ နှစ်ယောက်ထဲက တစ်ယောက်လောက်တော့ လီဗာပူးလ်ဆီ ရောက်လာလိမ့်မယ်လို့လည်း ထင်ခဲ့တယ်။ အဓိကတော့ နိုက်စ် ကွင်းလယ်လူ သူရမ်ကို လီဗာပူးလ် ရောက်မယ်လို့ တွက်ဆခဲ့မိတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က တကယ်တမ်း မဖြစ်လာခဲ့ပဲ ဇူလိုင်လဆန်းမှသာ mega signing ကြီး တစ်ခုသာ အလျင်အမြန် ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။

szoboszlai

Photo Credit : beIN SPORT

လီဗာပူးလ်တို့ ထပ်မံ ခေါ်ယူလိုက်တာက လိုက်ပ်ဇစ်မှာ ရှယ်ကြမ်းထားတဲ့ ဟန်ဂေရီ ကွင်းလယ်လူ ဒိုမနစ် ဆိုဘိုဆလိုင်းပါ။ ဇွန်လ တစ်လတည်းမှာပဲ အကျုံးဝင်နေမယ့် သူရဲ့စာချုပ်လျော်ကြေး ယူရို သန်း(၇၀)ကို စျေးဆစ်ခြင်း မရှိပဲ ပုံအောပြီး ခေါ်ယူခဲ့တဲ့ လီဗာပူးလ်က ဆိုလိုဆလိုင်းကို (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် (၈)ကိုပါ ပေးအပ်ခဲ့ပါသေးတယ်။ လီဗာပူးလ်အနေနဲ့ အယ်လစ္စတာရယ် ဆိုဘိုဆလိုင်းရယ် ခေါ်ယူပြီးသွားတဲ့နောက် သူတို့ ကွင်းလယ် အစုအဖွဲ့က ပိုပြီး အားကောင်းသွားဖို့သာ ရှိနေပါတော့တယ်။
Featured Photo : CaughtOffside