ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း မထင်မှတ်ထားလောက်အောင်ကို ရှယ်အသုံးကြမ်းနေတဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ နွေရာသီ အသုံးစရိတ် စုစုပေါင်းက ယူရို သန်း (၁၅၀)နီးပါးလောက်အထိ ရှိလာခဲ့ရပြီလို့ သိရပါတယ်။
Photo Credit : Fleshscore
ဆော်ဒီကလပ် အသင်းတွေက သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ free agent player ကစားသမားတွေကိုသာ လုပ်ခလစာ များစွာနဲ့ ခေါ်ယူရာကနေ နောက်ပိုင်းမှာတော့ ပြောင်းရွှေ့ကြေးတွေပါ သုံးစွဲလာပြီး ကစားသမားတွေကိုပါ ခေါ်ယူလာခဲ့ပါတယ်။ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင် နေးဗက်စ်ကို ပြောင်းရွှေ့ကြေး ယူရို (၅၅)သန်း အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ နောက်ပိုင်း ဆော်ဒီကလပ်တွေရဲ့ ပြောင်းရွှေ့ကြေး အသုံးပြု ခေါ်ယူမှုတွေက ဆက်တိုက်ကို ဖြစ်ပေါ်လာခဲ့ပါတယ်။
Photo Credit : Khel Now
ခရစ္စတီယာနို ရော်နယ်လ်ဒိုလို စူပါစတား ကစားသမားကြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ရောက်ရှိပြီးနောက် ကာရန် ဘန်ဇီမာ ၊ အန်ဂိုလို ကန်တေတို့လို ထိပ်တန်း ကစားသမားတွေပါ ဆော်ဒီအသင်းတွေဆီ free transfer တွေ မြင့်မားတဲ့ တစ်နှစ်လုပ်ခတွေနဲ့ ရောက်ရှိလာပြီးနောက် ဆော်ဒီကလပ်တွေက အသုံးစရိတ်တွေပါ သုံးစွဲလာပြီး စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတွေကိုလည်း ဆက်လက် ခေါ်ယူလာခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီနွေမှာပဲ အယ်လီလယ်က နေးဗက်စ်ကို ဝုလ်ဗ်ကနေ ယူရို (၅၅)သန်း ၊ အယ်လ်အစ်တီဟတ်က ဂျိုတာကို ဆဲလ်တစ်ကနေ ယူရို (၂၉.၁)သန်း ၊ အယ်လ်ဟီလယ်ကပဲ ကူလီဘလီကို ချယ်လ်ဆီးကနေ ယူရို (၂၃)သန်း ၊ အယ်လ်အာလီကနေ အက်ဒွါ မန်ဒီကို ချယ်လ်ဆီးကနေ ယူရို (၁၈.၅)သန်း ၊ အယ်လ်နာဆာက ဘရိုဇိုဗစ်ကို အင်တာမီလန်ကနေ ယူရို (၁၈)သန်း နဲ့ ခေါ်ယူမှုတွေ အသီးသီး ပြုလုပ်ထားကြပြီး စုစုပေါင်း (၁၄၃.၆)သန်းအထိ ရှိလာခဲ့ရပါတယ်။