ကိုယ်နေထိုင်ရာ အိမ်လေးကို ကိုယ်ကိုယ်တိုင် တီထွင်ဖန်တီးမှုတွေနဲ့ အလှမဆင်ချင်ဘူးလား။ များသော အားဖြင့် ကျွန်တော်တို့ အိမ်နံရံတွေက အဖြူရောင် ဒါမှမဟုတ် အရောင်တစ်ခုတည်း ဖြစ်လေ့ရှိပါတယ်။ ဒါက တစ်ခါတစ်လေတော့ ငြီးငွေ့ဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ အိပ်ခန်းနံရံကိုဖြစ်စေ၊ ဧည့်ခန်းနံရံကိုဖြစ်စေ ကိုယ်တိုင်အမိုက်စား ဒီဇိုင်းတွေနဲ့ အလန်းစားဖြစ်အောင် တီထွင်ဖန်တီးလို့ ရပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အိမ်ရဲ့ နံရံတွေပေါ်မှာ အသုံးချနိုင်အောင် အမိုက်စား အိုင်ဒီယာကောင်းတွေ ဝေမျှပေးမှာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၁) နံရံတွေမှာ ပန်းချီဆွဲခြင်း

နံရံတွေပေါ်မှာ

Photo : Better Homes

ကွီးတို့ အိပ်ခန်းနံရံက အဖြူရောင်ဖြစ်နေလို့ Wallpaper ကပ်ထားသလို ဒီဇိုင်းလုပ်ချင်ပါသလား။ ဒါဆိုရင်တော့ ကုန်ကျစရိတ် ကြီးကြီးမားမား မလိုအပ်ပဲ ကိုယ့်စိတ်ကြိုက်ဖန်တီးပြီး နံရံတွေပေါ်မှာ ပန်းချီဆွဲလို့ ရပါတယ်။ Freehand Paint ကဲ့သို့ ကိုယ်လိုချင်သလို စိတ်ကြိုက်ရေးဆွဲနိုင်သလို့ သေချာပုံဖော်ပြီးလည်း ရေးဆွဲနိုင်ပါတယ်။ ကုန်ကျစရိတ်နည်းနည်းနဲ့ ခေတ်မှီတဲ့ အသွင်အပြင်ကို ရပါလိမ့်မယ်။

အိုင်ဒီယာ (၂) နံရံတစ်ဝက်ကို ဆေးသုတ်ခြင်း

နံရံတွေပေါ်မှာ

Photo : Zoe Olivila

ကွီးတို့အနေနဲ့ နံရံတွေပေါ်မှာ စိတ်ကြိုက်ပုံဆွဲတာထက် ကွီးတို့က ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီးဖို့ ပိုမိုလွယ်ကူတာမျိုး လိုချင်ရင်တော့ နံရံကို ဆေးတစ်ဝက်သာ သုတ်လိုက်ပါ။ ခေတ်မီပြီဆန်းပြားတဲ့ နံရံတစ်ချက်ကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက ကွီးတို့နဂိုရှိပြီးသား နံရံအရောင်နဲ့ လိုက်ဖက်တဲ့ အရောင် ဖြစ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ဆေးမသုတ်မီ အရောင်ကိုသေချာ ရွေးချယ်ပါ။

အိုင်ဒီယာ (၃) ဓာတ်ပုံလေးများ ချိတ်ဆွဲခြင်း

နံရံတွေပေါ်မှာ

Photo : My Domaine

ကွီးတို့ အိမ်ရဲ့ လှေကားအတတ်မှာပဲ ဖြစ်ဖြစ်၊ ဧည့်ခန်းမှာပဲ ဖြစ်ဖြစ် ရိုးရှင်းနေလို့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေပါသလား။ ဒါဆိုရင်တော့ အမှတ်တရလည်း ဖြစ် အိမ်အလှဆင်ပြီးသားဖြစ်အောင် ပြခန်းနံရံတစ်ခု ဖန်တီးနိုင်ပါတယ်။ နံရံကျယ်ရင် ကျယ်သလောက် ကွီးတို့ရဲ့ ဓာတ်ပုံပြခန်းကို စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ နံရံပြခန်းလေးလုပ်ဖို့ ကွီးတို့ မိသားစု ဓာတ်ပုံတွေ၊ ချစ်ခင်ရသူတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေကို ဘောင်ထဲထည့်ကာ နံရံပေါ်တွင် စိတ်ကြိုက် ပုံဖော်ပြီး ချိတ်ဆွဲထားနိုင်ပါတယ်။

အိုင်ဒီယာ (၄) ဦးထုပ်လေးများ ချိတ်ဆွဲခြင်း

Photo : TLC Interior

ကွီးတို့မှာ ဦးထုပ်တွေ အများကြီးရှိပါသလား။ ဒါမှမဟုတ် ဦးထုပ်စုဆောင်းရတာ ကြိုက်တဲ့သူလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဦးထုပ်တွေကို နေရာချဖို့ စိတ်ပူမနေပါနဲ့။ ဦးထုပ်လေးများလည်း အစီအစဉ်တကျ နေရာချပြီးသားဖြစ်အောင်၊ အိမ်နံရံလည်း အလှဆင်ပြီးသားဖြစ်အောင် နံရံပေါ်မှာသာ သေချာချိတ်ဆွဲလိုက်ပါ။ ဒီအိုင်ဒီယာလေးက တစ်ကယ်ကို ဆန်ပြားပြီး ကွီးတို့ကို မျက်စိပဒသဖြစ်စေမှာ အမှန်ပါပဲ။

အိုင်ဒီယာ (၅) အပင်လေးများ ချိတ်ဆွဲခြင်း

Photo : Hello Lady

အိမ်အတွင်းပိုင်း အလှဆင်ရမှာ အပင်လေးတွေက အကောင်းဆုံးနေရာကနေ ပါဝင်ပါတယ်။ ဒီတစ်ခါမှာတော့ အပင်လေးတွေကို စားပွဲပေါ်တင်ထားတာမျိုး၊ ပန်းအိုးနဲ့ ချထားတာမျိုးထက် နံရံပေါ်မှာ ချိတ်ဆွဲကြည့်ရအောင်။ လွတ်နေသောနံရံကို ပန်းများ သို့မဟုတ် အပင်များအစီအရီဖြင့် ဖြည့်ပေးခြင်းက ချစ်စရာကောင်းသော အသွင်အပြင်နဲ့ မထင်မှတ်ထားလောက်အောင် လှပနေတာတွေ့ရမှာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ နံရံတွေပေါ်မှာ အသုံးချနိုင်တဲ့ အမိုက်စား DIY အိုင်ဒီယာတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အိုင်ဒီယာအကုန်လုံးက လုပ်ရတာ ရိုးရှင်းလွယ်ကူတာကြောင့် ကွီးတို့ အိမ်တွင်းပိုင်း ဒီဇိုင်းကို ပြောင်းချင်တာပဲ ဖြစ်ဖြစ်၊ အလှဆင်တာဖြစ်ဖြစ် လုပ်ချင်ရင် ဒီအိုင်ဒီယာလေးတွေကို အသုံးချကြည့်ဖို့ မမေ့နဲ့ဗျို့။

Source : My Domaine

Featured Photo : Home My Design