လူတစ်ယောက်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းလို့ဆိုရာမှာ ခံတွင်းသန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းပြီး ကောင်းမွန်သော အနံ့အသက်ရှိရင် စကားပြောဆိုရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ ဒါ့အပြင် ချစ်ခင်ရသူလေးကို အနမ်းပေးရမှာလည်း ခံတွင်းနံ့ သင်းပျံ့ နေဖို့လိုပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခံတွင်းနံ့မကောင်းတာ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခံတွင်းနံ့ဆိုးတာကို လျှော့ချနိုင်စေပြီး သင်းပျံ့သော ရနံ့ရှိစေဖို့ ကူညီပေးနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ
Photo : Wilkinson Dental
ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုကတော့ ခံတွင်းသန့်ရှင်းရေး အားနည်းလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုပြီး သွားတိုက်ပါ။ တစ်နေ့နှစ်ကြိမ် သွားကို သေချာတိုက်ခြင်းဖြင့် ဘက်တီးရီးယားပိုးမွှားတွေရဲ့ ဂုဏ်သတ္တိတွေနဲ့ ခံတွင်းနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါတယ်။
သွားပွတ်ကြိုးကို အသုံးပြုပါ
Photo : Colgate
တစ်ခါတစ်လေမှာ ကျွန်တော်တို့ သွားကြားထဲမှာ ညှပ်နေတဲ့ အစာအမှုန်အမွှားတွေကြောင့် ခံတွင်းနံဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို တစ်ကြိမ် သွားပွတ်ကြိုးကို ဖြင့်ပွတ်တိုက်ပေးပါ။ ကွီးတို့ သွားကြားမှ အစာအမှုန်အမွှားများနှင့် သွားချေးများကို ဖယ်ရှားပေးကာ ခံတွင်းနံ့ဆိုးခြင်းကို ထိန်းချုပ်ရန် ကူညီပေးနိုင်ပါတယ်။
လျှာကို သန့်ရှင်းပေးပါ
Photo : Dentist Carlsbad, CA
ကွီးတို့ သွားတိုက်ရင်းနဲ့ လျှာကိုလည်း သန့်ရှင်းဖို့ မမေ့ပါနဲ့။ များသောအားဖြင့် လျှာကို တော်တော်များများက ပွတ်တိုက်ပေးဖို့ မေ့နေကြပါတယ်။ လျှာကို ကောင်းစွာ မသန့်စင်ပါက ခံတွင်းထဲတွင် ရှိသော ဘက်တီးရီးယားများ လျှာတွင် စုပုံစေပါတယ်။ ထို့သို့ စုပုံလာခြင်းက ခံတွင်းနံ့ဆိုးထွက်ခြင်းနဲ့ အခြားသောကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ လျှာခြစ်တံနဲ့ ဖြစ်စေ၊ သွားပွတ်တံနဲ့ ဖြစ်စေ လျှာကို ပွတ်တိုက်ပြီး သန့်ရှင်းနိုင်ပါတယ်။
အစားအစာကို သတိထားပါ
Photo : Dental Care Of Waldorf
ကျွန်တော်တို့စားတဲ့ အစားအစာတွေကလည်း ခံတွင်းနံ့အပေါ် သက်ရောက်မှု ရှိပါတယ်။ ကွီးတို့ အနီးကပ်စကားပြောစရာ ဒါမှမဟုတ် တွေ့ဆုံမှု တစ်ခုခုရှိရင် ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလိုမျိုး အစားအစာတွေကို ရှောင်ပါ။ ဒါ့အပြင် သကြားပါတဲ့ အစားအစာတွေ အများကြီးစားတာက ခံတွင်းနံ့ဆိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။
သွားပွတ်တံကို ပုံမှန် လဲလှယ်ပါ
Photo : Forest Lawn Dentail Centre
သုံးလမှ လေးလ တစ်ကြိမ်ခန့် သွားပွတ်တံကို ပုံမှန်လဲလှယ်ဖို့ လိုပါတယ်။ ဖွာနေသော သို့မဟုတ် သက်တမ်းကြာနေသော သွားပွတ်တံကို အသုံးပြုခြင်းက ကွီးတို့ရဲ့ သွားနဲ့ သွားဖုံးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို ပုံမှန်လဲလှယ်ပြီး ပျော့ပျောင်းသော သွားပွတ်တံကို ရွေးချယ်ပါ။
ပီကေဝါးပါ
Photo : CNBC
ကွီးတို့အနေနဲ့ အစားစားပြီးချိန်ဖြစ်စေ၊ အနီးကပ်စကားပြောဖို့ လိုအပ်သည့်အခါ ဖြစ်စေ သကြားမပါသော ပီကေကို ဝါးနိုင်ပါတယ်။ ပီကေဝါးခြင်းက ကွီးတို့ရဲ့ ခံတွင်းကို လန်းဆန်းစေပြီး တံတွေးစီးဆင်းမှုကို ထိန်းပေးနိုင်သောကြောင့် ပါးစပ်မှ ဘက်တီးရီးယားများနှင့် အစာအမှုန်များကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းနံဆိုးတွေကို ဖုံးအုပ်ထားနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကွီးတို့ရဲ့ ခံတွင်းနံ့ ဆိုးခြင်းကို လျော့ချနိုင်ကာ ခံတွင်းနံ့ သင်းပျံ့ စေပြီး စကီလေးကို ရဲရဲကြီး အနမ်းပေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Source : MAYO CLINIC
Featured Photo : Cosmo