ဆင်ပျံကြီးတို့ကတော့ သူတို့ အရမ်းလိုချင်နေတဲ့ လန်ဒန် ထမင်းဖြူကို အရ ဝယ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်း မနေ့ကပဲ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ဒီ ထမင်းဖြူ အတွက် ဂန်းနားတို့က သူတို့အသင်း သမိုင်းတစ်လျှောက် တစ်ခါမှ မသုံးစွဲခဲ့ဖူးသေးတဲ့ ပေါင် သန်း (၁၀၀) အပိုဆုကြေးပါ ပါမယ်ဆိုရင် ပေါင် (၁၀၅)သန်းအထိ ယု့ယုံကြည်ကြည်နဲ့ကို အသုံးပြုသွားခဲ့ပါတယ်။

arteta rice edu

Photo Credit : Twitter

တကယ်တော့ ထမင်းဖြူလို့ သုံးနှုန်းထားရတဲ့ ရိုက်စ်က အာဆင်နယ် ကွင်းလယ်ပိုင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်တို့ ဒုတိယ ရာသီဝက်ထဲ ကွင်းလယ် လိုအပ်ချက်တွေ ဖြစ်ပေါ်တာမို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ အခြေအနေကြောင့် အခု ဈေးကွက်အတွင်းမှာ ရိုက်စ်လို ကစားသမားမျိုးကို ပေါင် (၁၀၅)သန်းအထိ သုံးစွဲပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အာဆင်နယ်က ဟာဗက်ဇ် တင်းဘား ရိုက်စ် တို့ (၃)ဦးကို ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး သူတို့ရဲ့ ပြင်ဆင်မှုတွေဟာလည်း အားရစရာ အလွန်ကောင်းနေရပါတယ်။

enzo jack

Photo Credit : Tribun Ternate

ရိုက်စ် အပြောင်းအရွှေ့ မဖြစ်ခင် ဗြိတိန် ဘောလုံးသမားတွေထဲမှာ မန်ချက်စတာ စီးတီး ကစားသမား ဂျက် ဂရီးလစ်ရှ်က ပြောင်းရွှေ့ကြေး အမြင့်မားဆုံးသူပါ။ ဗီလာကနေ မန်စီးတီးဆီကို ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ဂရီးလစ်ရှ်က ဗြိတိန် ကစားသမားတွေထဲ ဈေးအကြီးဆုံး အဆင့် (၁) နဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အဆင့် (၂) ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘင်ဖီကာကနေ ချယ်လ်ဆီးကို ပြောင်းလာတဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင် (၁၀၆)သန်းက အများဆုံး ဖြစ်ပါတယ်။

rice

Photo Credit : Arsenal FC

အခုတော့ ရိုက်စ်က ပေါင် (၁၀၅)သန်းနဲ့ ဗြိတိန် ကစားသမားတွေထဲ ပြောင်းရွှေ့ကြေး အမြင့်ဆုံးဆိုတဲ့ နေရာကို ရောက်ရှိလာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ဒုတိယမြောက် ပြောင်းရွှေ့ကြေး အများဆုံး နေရာကိုပါ ရပ်တည်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်လည်း ဖြစ်လာခဲ့ရတဲ့ ရိုက်စ်က အာဆင်နယ်အတွက် ဘယ်လောက်အထိ အကျိုးပြုသွားမလဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။

Featured Photo : Sky Sports