အိပ်ရာပေါ်မှာ အစွမ်းပြနိုင်ခြင်း/အစွမ်းမပြနိုင်ခြင်းဟာ ညီလေးအရွယ်အစားနဲ့ အများကြီး သက်ဆိုင်မှု မရှိဘူးလို့ ပြောရမှာပါ။ အကောင်သေး ပေမယ့်လည်း ပါတနာရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝပေးနိုင်မယ့် လျို့ဝှက် သိုင်းကွက် တွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကောင်သေးတဲ့ ညိုကီတို့အတွက် အကောင်းဆုံး ခံစားမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ့် အစွမ်းထက် သိုင်းကွက်အချို့ ကပ်တိုးလေး မျှဝေပေးပါမယ်။
(၁) Missionary
Photo : Healthline
Missionary Position ကတော့ အရိုးရှင်းဆုံးနဲ့ သဘာဝအကျဆုံး သိုင်းကွက် တစ်ခုပါပဲ။ Missionary သိုင်းကွက်ကိုမှ ပါတနာရဲ့ ခံစားမှုအမြင့်ဆုံး အဓိက နေရာလေးတွေကို ထိမိစေဖို့ အနည်းငယ် ပုံစံပြောင်းပြီး Modify လုပ်ရမှာ ဖြစ်ပါတယ်။ Missionary ရဲ့ မူလပုံစံဖြစ်တဲ့ ဒူးထောက်ထားရမယ့် အနေအထားအစား ကွီးတို့က ခန္ဓာကိုယ်နှစ်ခုကို ပိုမိုပူးကပ်နေစေဖို့ အာရုံစိုက်ရမှာ ဖြစ်ပြီး သူမရဲ့အပေါ်ကနေ ခန္ဓာကိုယ်ကို မှောက်လျက်လှဲလျောင်းကာ အတွင်းကို ထည်ထည်ဝင်ဝင် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ အတူနေတဲ့အခါ ပုံမှန်အဝင်အထွက် လှုပ်ရှားမှုထက် အထက်အအောက်ပြောင်းကာ ကစားပေးခြင်းဖြင့် ပါတနာရဲ့ ခံစားမှုကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ပါတယ်။
(၂) Woman On Top
Photo : Prevention
Woman On Top က ပါတနာကို အပေါ်ကနေ ဦးဆောင်ကစားခိုင်းရမယ့် သိုင်းကွက် ဖြစ်ပါတယ်။ ဒီ Position က အမျိုးသမီးတွေရဲ့ စိတ်ခံစားမှု အာရုံကို အတက်ကြွဆုံး နိုးကြားအောင် နှိုးဆွနိုင်မယ့် သိုင်းကွက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့ဆို ဒီသိုင်းကွက်ဟာ ကွီးတို့ရဲ့ ညီလေးက ပါတနာရဲ့ ခံစားမှုအမြင့်ဆုံး G-spot နေရာကို နှိုးဆွဖို့အတွက် အတွင်းကို ပိုမိုဝင်ရောက်ခွင့်ပေးလို့ ဖြစ်ပါတယ်။ အကောင်သေးတဲ့ ဘော်ဒါတို့အတွက် ထိထိမိမိနဲ့ ခံစားမှုအမြင့်ဆုံး ပေးမယ့် Position တစ်ခု ဖြစ်ပါတယ်။
(၃) Double Decker
Photo : Xi Art
Double Decker သိုင်းကွက် ကတော့ ပါတနာကို မှောက်လျက် Position မှာ ရှိစေပြီး ကွီးတို့ကလည်း ပါတနာရဲ့ အပေါ်ကနေ တူညီတဲ့ အနေအထားမှာ ရှိနေရမှာပါ။ ဒီသိုင်းကွက်က ပါတနာအတွက် သက်တောင့်သက်သာ အနေအထားမှာ ရှိစေပြီး ကွီးတို့ကတော့ သူမရဲ့ခါးလေးကို ကိုင်ကာ ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက် နိုင်ပါတယ်။ Double Decker Position ကလည်း အကောင်သေးတဲ့ ကွီးတို့အတွက် အထိမိဆုံး သိုင်းကွက်တစ်ခု ဖြစ်ပြီး ပါတနာရဲ့အနက်ရှိုင်းဆုံး အတွင်းပိုင်းထိကို ရောက်ရှိနိုင်သလို G-spot ကို ထိမိစေဖို့လည်း ကူညီပေးနိုင်ပါတယ်။
(၄) V Position
Photo : Freepik
V Position ဆိုတာ စားပွဲအစွန်း ဒါမှမဟုတ် ကုတင်အစွန်းလို နေရာတွေမှာ လှုပ်ရှားရမယ့် သိုင်းကွက် တစ်ခုပါ။ အမျိုးသားတွေအနေနဲ့ မတ်တပ်ရပ် အနေအထားမှာ ရှိနေရမှာ ဖြစ်ပြီး သက်တောင့်သက်သာ ဝင်နိုင်လောက်အောင်မြင့်တဲ့ နေရာမှာ ပါတနာကို ရှိစေရပါမယ်။ ပါတနာရဲ့ ခန္ဓာကိုယ်အတွင်းထဲကို ဝင်ရောက်ပြီး သူမရဲ့ ခြေထောက်တွေကို V ပုံစံ ကိုင်မြှောက်ထားရမှာပါ။ ဒီ အနေအထားဟာ ပါတနာရဲ့ အတွင်းကို ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ဖို့နဲ့ ခံစားမှုအမြင့်ဆုံး မှန်ကန်တဲ့ နေရာတွေကို ထိမိစေဖို့ ကောင်းမွန်သေသပ်တဲ့ သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။
(၅) Twisted Doggie
Photo : Pexels
Doggy Position ကိုမှ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ထားပြီး နေရမှာပါ။ ဒီ သိုင်းကွက် က ပါတနာရဲ့ အနက်ရှိုင်းဆုံး နေရာတွေအထိကို ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကူညီပေးပြီး ခံစားမှု အထွတ်အထိပ်ရောက်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပါတနာကို သက်တောင့်သက်သာ အနေအထားမှာ လှဲလျောင်းစေပြီး သူမရဲ့ ဝမ်းဗိုက်အောက်မှာ ခေါင်းအုံး ခုထားခြင်းဖြင့် ခံစားမှု အထိအတွေ့ကို ပိုမို ထိမိစွာ ခံစားရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီအနေအထားဟာ ပိုမိုနက်ရှိုင်းတဲ့ အထိအတွေ့ ခံစားမှုကို ရစေရုံမက နှစ်ဦးသားရဲ့ ရင်းနှီးကျွမ်းဝင်မှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုလည်း တိုးစေပါတယ်။
Featured Photo : Healthline