တစ်နှစ် လုပ်ခကို ယူရို သန်း (၂၀၀)နဲ့ ပုံရိပ် အသုံးပြုခွင့် ဘာညာတွေ ပေါင်းပြီး တစ်နှစ်ကို ယူရို သန်း (၇၀၀)လောက်အထိ ပေးမယ်ဆိုပြီးသာ ကမ်းလှမ်းလာမယ်ဆိုရင် ဘောလုံးသမား အယောက် (၁၀၀)မှာ အယောက် (၉၀)လောက်တော့ လက်ခံမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ (၁၀)ယောက်ထဲမှာတော့ ဘောလုံးကို တကယ် ချစ်တဲ့သူတွေ ဒါမှမဟုတ် သူရဲ့ အိမ်မက်အတိုင်း အကောင်အထည် ဖြစ်ချင်နေသူတွေ ပါဝင်နိုင်ပါတယ်။ ဥပမာ ကီလီယန် အမ် ဘာပေ ပေါ့။

kylian mbappe

Photo Credit : SuperSport

ဘောလုံးသမား တော်တော်များများဆီမှာ တစ်နေ့နေ့ တစ်ချိန်ချိန် ရီးယဲလ် မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ တစ်သင်းသင်းမှာ ပါဝင် ကစားရမယ်ဆိုတဲ့ စိတ်ကူး အိမ်မက်တွေ ရှိကြပါတယ်။ ဘာပေ ကိုယ်တိုင်ကလည်း ရီးယဲလ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဇီဒန်း နဲ့ ခရစ္စတီယာနိုတို့ကို အလွန် နှစ်သက်လွန်းသူ ဖြစ်လို့ သူ့ idol တွေရဲ့ ကလပ်အသင်းဟောင်း ရီးယဲလ်ကို ပြောင်းရွှေ့ချင်နေမှာ သေချာပါတယ်။ ဒါကြောင့်လည်း ဘာပေက ၂၀၂၄ နွေမှာ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးချိန် ရီးယဲလ်ဆီ အလွတ်နဲ့ ဒိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

mbappe

Photo Credit : CNN

ဒါပေမယ့် ဒါကို ပီအက်စ်ဂျီဘက်က လုံးဝ လက်မခံနိုင်ပဲ ဘာပေလို ကမ္ဘာ့အကောင်းဆုံးတွေထဲ တစ်ဦး အပါအဝင်ဖြစ်တဲ့ ကစားသမားမျိုးကိုပါ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် ဒီနွေမှာပဲ ရောင်းထုတ်ဖို့ စီစဉ်လာတယ်။ ဒီအခါမှာ ဆော်ဒီကလပ် အယ်လ် ဟီလယ်က ဘာပေ အတွက် ယူရို သန်း (၃၀၀)နဲ့ ကမ်းလှမ်းမယ် ၊ ဘာပေကိုလည်း တစ်နှစ်လုပ်ခ ယူရို သန်း (၇၀၀) ပေးသွားမယ် ၊ တကယ်လို့ ဘာပေက တစ်နှစ်လေးပဲ လာကစားမယ်ဆိုရင်တောင် ဒီပမာဏအတိုင်းပဲ ကမ်းလှမ်းသွားမယ်လို့ မက်လုံးပေးခဲ့ပေမယ့် ဘာပေကတော့ ဒါတွေကို လုံးဝ ငြင်းဆန်သွားပါတယ်။

mbappe saudi

Photo Credit : SPORTbible

ဘာပေ အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနဲ့ သဘောတူညီမှု ရရှိထားပြီလို့ ဘာပေနဲ့ပဲ ဆက်ညှိဖို့အတွက် အယ်လ် ဟီလယ်ရဲ့ ကိုယ်စားလှယ်တွေ ပဲရစ်မြို့ဆီ ရောက်လာဖို့ ပြင်ဆင်နေချိန် ဘာပေဘက်ကတော့ ဘာ ဆွေးနွေး ညှိနှိုင်းမှုမှာ လုပ်ဆောင်ဖို့ မရှိဘူးလို့ ပယ်ချခဲ့ပါတယ်။ ဒီပယ်ချမှုကြောင့် ပီအက်စ်ဂျီကတော့ အတော်လေးကို စိတ်ပျက်နေမှာ သေချာနေပြီး တကယ်လို့ အသင်းပြောင်းဖို့ တင်းခံနေဦးမယ်ဆိုရင် ဘာပေကို တစ်ရာသီလုံး ချောင်ထိုးထားဖွယ် ရှိနိုင်ကာ ဒီ အခြေအနေ ကြုံရမယ်ဆိုရင်တောင် ဘာပေကတော့ ၂၀၂၄အထိ ပီအက်စ်ဂျီမှာ ဆက်နေရင်း ပြီးမှသာ ရီးယဲလ်ဆီ ပြောင်းဖို့ ရှိနေပါတယ်။

Featured Photo : Clutch Point