လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အရွယ်ရောက်ပြီးသူတိုင်းအတွက် သဘာဝဖြစ်ပြီး စိတ်လှုပ်ရှား သာယာဖွယ်ကောင်းတဲ့ အတွေ့အကြုံသာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အမျိုးသားတော်တော်များများက ကိုယ်ရဲ့ လိင်မှုစွမ်းဆောင်ရည်နဲ့ ကိုယ့်ပစ္စည်းအရွယ်အစား၊ သုတ်လွှတ်ချိန်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ စွမ်းဆောင်မှုနဲ့ ပတ်သတ်ပြီး တစ်ဖက်သားအပေါ် အပြည့်အဝ စိတ်ကျေနပ်မှု မပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိုအခါမှာ ကွီးတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းကာ လိင်မှုဘဝမှာ မပျော်မရွှင်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်စေဖို့နဲ့ ကိုယ့်ကြောင့် သူမကို ဖီးလ် မငုတ်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကွန်ဒုံးအသုံးပြုပါ
Photo : Sense.info
လူတော်တော်များများက လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်းက အလွှာခြားနေပြီး ပြည့်ပြည့်ဝဝ သာယာမှုမရရှိနိုင်ဘူးလို့ ထင်တတ်ပါတယ်။ သို့သော်လည်း ယနေ့ခေတ်ဈေးကွက်မှာ ကွီးတို့ရဲ့ သာယာပျော်ရွှင်မှုကို ပံ့ပိုးပေးနိုင်တဲ့ ကွန်ဒုံးအမျိုးအစားတွေ အမျိုးမျိုးရှိနေပါပြီ။ ဒါ့အပြင် ကွန်ဒုံးအသုံးပြုခြင်းက ကွီးတို့ရဲ့ လိင်ဆက်ဆံမှုကို ကြာရှည်ခံစေပြီး အချိန် ကြာကြာချစ်နိုင်ပါတယ်။ သုတ်လွှတ်မြန်သော အမျိုးသားများနဲ့ ၎င်းတို့ရဲ့ ဆက်ဆံဖော်အတွက် ကွန်ဒုံးအသုံးပြုခြင်းက လိင်ဆက်ဆံမှုကို ပိုမိုကြာရှည်စေပြီး သာယာကျေနပ်မှုကို ပိုမိရရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
တစ်ကိုယ်ရည် အာသာဖြေပါ
Photo : Men X
ကွီးတို့ရေ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ သုတ်လွှတ်မြန်နေလို့ ကိုယ်ကိုယ်တိုင် စိတ်ကျေနပ်မှု မရှိဘဲ တစ်ဖက်သားကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး ဖြစ်နေပါသလား။ ဒါဆိုရင်တော့ တစ်ကိုယ်ရည် အာသာဖြေတဲ့ နည်းစနစ်ကို သုံးကြည့်ပါ။ တစ်ကိုယ်ရည်အာသာဖြေဖြင့် ကွီးတို့ရဲ့ သုတ်လွှတ်ခြင်းကို ကိုယ်တိုင်ထိန်းချုပ်ဖို့ လေ့ကျင့်နိုင်ပါတယ်။ လေ့လာသူတွေ အဆိုပြုထားတဲ့ နည်းလမ်းတစ်ခုကတော့ အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်ပေးခြင်းကို ရပ်တန့်ကာ သုက်ထွက်ချင်စိတ်ကို အမြန်လျှော့ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးတက်စေပါလိမ့်မယ်။
လိင်ပိုင်းဆိုင်ရာ အထောက်အကူပြုစေမယ့် အစားအစာတွေကို စားပါ
Photo : Ask Man
ကွီးတို့ စားသုံးနေတဲ့ အစားအစာတွေက ကွီးတို့ရဲ့ လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာ သိပါသလား။ အချို့သော အစာအစာများက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ အထောက်အကူပြုပါတယ်။ လိင်ပိုင်းဆိုင်ရာ အတွက် အထောက်အကူပြုတဲ့ အစားအစာအချို့ကတော့ ထောပတ်သီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီး၊ သလဲသီး၊ ကမာ၊ ဆော်လမွန်၊ ကြက်ဥ၊ အသား၊ ပန်းသီး စတာတွေပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ
Photo : Pinterest
ကွီးတို့ရေ အိပ်ရာပေါ်မှာ ကိုယ့်ကြောင့် သူမကို စိတ်မပျက်စေချင်ဘူးဆိုရင် သက်လုံကောင်းပြီး ကျန်းမာကြံ့ခိုင်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက အိပ်ရာပေါ်မှာ သက်လုံကောင်းစေပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်စေပါတယ်။ ။ နောက်တစ်ချက် အနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး ကျန်းမာစေတယ်လို့ ဆိုပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် တိုးတက်လာပြီး သာယာပျော်ရွှင်သော လိင်မှုဘဝကို ပေးစွမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။
Source : Health Guide
Featured Photo : The Sun