ဘာလိုလိုနဲ့ တစ်ပတ်တာပြီးဆုံးပြီး Weekend ကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ကွီးတို့က ပိတ်ရက်တွေမှာ ဘာလုပ်လေ့ရှိပါသလဲ။ တစ်ပတ်တာ ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ ဇာတ်ကားတွေ ကြည့်တာလည်း စိတ်ကူးကောင်းပါပဲ။ ထွက်ရှိသမျှ ဇာတ်ကားတွေကို မလွတ်တန်း ကြည့်ရှုတတ်တဲ့ ကွီးတို့အတွက်ရော  ဇာတ်ကားသစ်တွေနဲ့ Weekend မှာ Chill ချင်တဲ့ ညီအစ်ကိုတို့အတွက်ပါ ဒီလထဲမှာ ထွက်ရှိပြီးတဲ့ ဇာတ်ကားသစ် တွေကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

The Meg 2: The Trench

Source : Warner Bros. Pictures

သိပ္ပံအက်ရှင်ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် The Meg 2: The Trench ဆိုတဲ့ ဇာတ်ကားရှိပါတယ်။ ဒီကားက သြဂုတ်လ ၄ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ အသစ်စက်စက်ကားလေးပါ။ ဒီကားမှာ သိပ္ပံပညာရှင်များက သမုဒ္ဒရာနက်ထဲသို့ ဝင်ရောက်ကာ  မျိုးသုဉ်းသွားပြီဟု ယူဆရသည့် ငါးမန်းမျိုးစိတ်ဖြစ်သည့် Megs အများအပြားကို တွေ့ရှိခဲ့ပါတယ်။ ထိုနောက်မှာရော ဘာတွေဆက်ဖြစ်မှာလဲ၊ ဘယ်လိုမျိုး စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်မလဲ ဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Teenage Mutant Ninja Turtles: Mutant Mayhem

Source : Paramount Pictures

ကွီးတို့က လိပ်နင်ဂျာကားတွေရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးပါသလား။ ဒါဆိုရင်တော့ အခုထပ်ပြီးတော့ အမိုက်စားကြည့်ရှုရမယ့် Teenage Mutant Ninja Turtles: Mutant Mayhem ထွက်ရှိလို့လာပါပြီ။ ဒီကားက သြဂုတ်လ ၂ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Jeff Rowe က ရိုက်ကူးထားပါတယ်။ အက်ရှင်နဲ့  Animated Film ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမယ့် ကားလေးပါပဲ။

Dreamin’ Wild

Source : RoadsideFlix

အတ္ထုပ္ပတ္တိဆိုင်ရာ Drama ဇာတ်ကားများကို နှစ်သက်သူဆိုရင်  Dreamin’ Wild သည် ကြည့်ရှုဖို့ ကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားမှာ အဆိုတော်နဲ့ တေးရေးဆရာ Donnie Emerson (Casey Affleck) နှင့် ၎င်းရဲ့အစ်ကို Joe Emerson (Walton Goggins) တို့ရဲ့ လက်တွေ့ဘဝ ဇာတ်လမ်းကို သရုပ်ဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဘယ်လို စိတ်လှုပ်ရှားမှုတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းမလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်ဗျာ။

The Passenger

Source : Paramount Pictures

အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ ထိန့်လန့်ခြောက်ခြားဖွယ် Horror ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် The Passenger ဆိုတဲ့ ကား‌လေးပဲ ဖြစ်ပါတယ်။ ဒီကားက လုပ်ဖော်ကိုင်ဖက်နှစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်းက စိတ်ဝင်စားစရာကောင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားက ကွီးတို့အတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဇာတ်ကားသစ်တွေနဲ့ Weekend မှာ အပန်းဖြေရင်း Chill လိုက်တော့ဗျာ။

Source : Movieweb

Featured Photo : 4K Wallpapers