ဒီနွေမှာ ရူဘင် နေးဗက်စ် ၊ ကာလီဒို ကူလီဘလီ ၊ မီလင်ကိုဗစ် ဆာဗစ် နဲ့ မယ်လ်ကွန်တို့ ကစားသမား (၄)ဦးကို စုစုပေါင်း ယူရို (၁၇၈)သန်းထိ အသုံးပြုပြီး ခေါ်ယူ ဖြည့်တင်းထားခဲ့တဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် ဟီလာ သင်းက အခုဆို သူတို့အသင်းအတွက် mega signing ကြီး တစ်ခုအဖြစ် ဘရာဇီးလ် စူပါစတား ကစားသမား နေမာ ကိုပါ ထပ်မံ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

neymar

Photo Credit : Reddit

လီယွန်နယ် မက်ဆီ အင်တာ မိုင်ယာမီအသင်းဆီ မရောက်ခင် မက်ဆီ နဲ့ မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းဖော်ဟောင်း ကီလီယန် အမ်ဘာပေတို့ကို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ၊ ကမ္ဘာ့စံချိန်တင် လုပ်ခလစာတွေနဲ့ ကမ်းလှမ်းခဲ့သေးပေမယ့်လည်း သူတို့ရဲ့ ကမ်းလှမ်းမှုတွေက မအောင်မြင်ခဲ့ပဲ တခြား ကစားသမားတွေကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မက်ဆီ ဘာပေတို့နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးသူ နေမာ ကို အယ်လ် ဟီလာ အသင်းက (၂)နှစ်စာချုပ်နဲ့ အရ ခေါ်ယူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

neymar saudi

Photo Credit : The Sun

လက်ရှိမှာ အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆမ်ဘာ ကြယ်ပွင့် နေမာက ဘောလုံးသမားတွေထဲ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ဖြစ်နေသူ နေမာဟာ အယ်လ် ဟီလာ အသင်းဆီကိုတော့ ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)ဝန်းကျင်လောက်နဲ့သာ ပြောင်းရွှေ့မှာဖြစ်ပြီး တစ်နှစ်လုပ်ခကတော့ ယူရို သန်း(၉၀)လောက်အထိ ရရှိသွားမှာပဲ ဖြစ်ပါတယ်။

neymar jr

Photo Credit : Twitter

နေမာ အနေနဲ့ ဒီလို များပြားလွန်တဲ့ တစ်နှစ်လုပ်ခအပြင် အခြား ခံစားခွင့်များ ၊ private လေယာဉ်တစ်စင်း ၊ အလုပ်သမား အပြည့်အစုံ ရှိတဲ့ နေအိမ်တစ်လုံးတို့ စီစဉ်ပေးသွားဖို့ ရှိနေတဲ့အပြင် အယ်လ် ဟီလာ အသင်း နိုင်ပွဲတစ်ပွဲရရင် ယူရို (၈)သောင်း ဆုကြေးပေးသွားမယ်လို့ပါ မီဒီယာတချို့မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါတွေအပြင် နေမာအနေနဲ့ ဆော်ဒီ ပရိုလိဂ်ကို ဈေးကွက် မြှင့်တင်ပေးတဲ့ သဘောမျိုး သက်ရောက်မယ့် post တစ်ခု ဆိုရှယ်မီဒီယာမှာ တင်ပေးတိုင်း ယူရို (၅)သိန်းထိ ပေးအပ်သွားမယ်လို့လည်း သိရှိရပါတယ်။

Featured Photo : Clutch Points