ချယ်လ်ဆီး အသင်းကတော့ မနေ့ညက တန်းတက်ကလပ် လူတန်တောင်းအသင်းကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ (၃)ဂိုးပြတ် အပြတ်အသတ် အနိုင်ယူခဲ့ပြီးတဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲကို စတင် ရရှိသွားခဲ့သလို သူတို့အသင်းအတွက် လိုအပ်နေတဲ့ ယုံကြည်မှုတွေလည်း ပြန်လည် ရရှိသွားစေခဲ့ပါတယ်။

pochettino cfc

Photo Credit : Twitter

ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲ (၂)ပွဲ ကစားထားတယ်။ ပထမပွဲမှာ လီဗာပူးလ်ကို (၁)ဂိုးစီ သရေကျတယ်။ နောက်တစ်ပွဲကျတော့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီမှာ (၃)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်တယ်။ ဒီ (၂)ပွဲလုံးမှာ ချယ်လ်ဆီးက ရလဒ်တွေ မကောင်းခဲ့ပေမယ့် ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ချယ်လ်ဆီးက ဒီပွဲတွေမှာ လိုအပ်နေတဲ့ နိုင်ပွဲတွေကို မရယူနိုင်ခဲ့ဘူး။ ဒီလို အခြေအနေမှာ လူတန်တောင်းလို ပရီးမီးယားလိဂ် အင်အားနည်းအသင်းနဲ့ တွေ့ဆုံလိုက်ရတာကလည်း ချယ်လ်ဆီးအသင်းအတွက် ကံထူးသွားခဲ့ရပါတယ်။

sterling cfc

Photo Credit : Twitter

လူတန်တောင်းက ပရီးမီးယားလိဂ်မှာ ပါဝင် ကစားရမယ့် ခြေစွမ်း အဆင့်အတန်းမျိုးမှာ ရှိမနေသေးတဲ့ အသင်းဆိုတာ ဒီပွဲမှာပဲ မြင်သာခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပွဲချိန်အတွင်း အိမ်ရှင်အသင်းရဲ့ လိုအပ်ချက်တွေ ရှိနေခဲ့ပြီး စတာလင်းရဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှုကနေသာ ဂိုးတစ်ဂိုး ရခဲ့ပေမယ့် ချယ်လ်ဆီး ကစားအားက အားရစရာ အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးတို့ အချိတ်အဆက် ပိုမိလာရင်း သွင်းဂိုး (၂)ဂိုးပါ ထပ်မံ ရရှိကာ ဂိုးပြတ်နဲ့ကို နိုင်ပွဲ စတင် ရရှိသွားခဲ့ပါတယ်။

chelsea

Photo Credit : Twitter

ဒီပွဲမှာတော့ ချယ်လ်ဆီးရဲ့ တောင်ပံ ကစားသမား ရာဟင် စတာလင်းက အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့သလို နီကိုလပ်စ် ဂျက်ဆင်ရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ကို ရရှိအောင်ပါ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဒဏ်ရာ ရရှိနေတဲ့ အသင်းခေါင်းဆောင်း ရီးစ် ဂျိမ်းစ်ရဲ့နေရာမှာ ဝင်ရောက် ကစားနေသူ မယ်လို ဂူစတိုဟာလည်း စတာလင်းရဲ့ ဂိုး (၂)ဂိုးလုံးကိုပါ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Featured Photo : Twitter