မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီထွက် အသက် (၂၁)နှစ်သာ ရှိသေးတဲ့ talented player လေး မေဆန် ဂရင်းဝုဒ် က သူရဲ့ ချစ်သူအပေါ် အမှားကျူးလွန်မိခဲ့ရာကနေ တရားဥပဒေအရ ကြီးကြီးမားမား ဘာမှ မခံလိုက်ရပေမယ့် သူရဲ့ ဘောလုံးသမားဘဝ အထူးသဖြင့် မန်ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ သူရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ လွှင့်စင် ပျောက်ပျက်သွားခဲ့ရပါတယ်။

mason

Photo Credit : The Mirror

တကယ်တော့ ဂရင်းဝုဒ်က သူ့ကို စွဲချက်တင်ခံထားရတဲ့ အမှုတွေကနေ ကွင်းလုံးကျွတ် လွတ်သွားပြီးနောက် အချိန်တစ်ခုအကြာမှာ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းအတွင်း နေရာပြန်ပေးဖို့အထိ စီစဉ်ထားခဲ့ပေမယ့်လည်း နောက်ပိုင်းမှ အသင်းရဲ့ အမျိုးသမီး ပရိသတ်တွေ နဲ့ အမျိုးသမီး ဝန်ထမ်းတွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေ ဖိအားပေးမှုတွေကြောင့် ယူနိုက်တက်က ဂရင်းဝုဒ် ကို အသင်းနဲ့ ဝေးရာမှာပဲ ထားရှိဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတယ်။

greenwood

Photo Credit : Yardbarker

ဒီလို အခြေအနေမျိုး ဖြစ်သွားတဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်း တချို့က ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း တစ်သင်းနဲ့မှ အဆင်ပြေသွားခြင်း မရှိပဲ နောက်ဆုံးမှသာ လာလီဂါကလပ် ဂီတာဖေးအသင်းနဲ့ အဆင်ပြေသွားခဲ့ရပါတယ်။ ဂီတာဖေးက ဂရင်းဝုဒ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အငှားခေါ်ယူကြေး မပေးဆောင်ခဲ့ရတဲ့အပြင် ဂရင်းဝုဒ် ရဲ့ တစ်ပတ်လုပ်ခကိုတောင် ယူနိုက်တက်ကနေ ပေါင် (၇၅၀၀၀) ဆက်လက် ပေးချေမှာဖြစ်လို့ ဂီတာဖေးက ပမာဏ အနည်းငယ်လောက်သာ ပေးရတော့မှာ ဖြစ်ပါတယ်။

greenwood getafe

Photo Credit : Goal

ဒါပေမယ့် ဂီတာဖေးက ဂရင်းဝုဒ် ကို ခေါ်ယူခဲ့လို့ ပယ်ပယ်နယ်နယ် ဝေဖန်ပြစ်တင်ခံနေရပြီး ရှက်စရာကောင်းတဲ့ ခေါ်ယူမှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ဝေဖန်ထားကြပါတယ်။ ဂီတာဖေးနဲ့အလားတူ ဂရင်းဝုဒ်လည်း ဝေဖန်တိုက်ခိုက် ကဲ့ရဲ့ရှုံချမှုတွေနဲ့ အလူးအလဲ ရင်ဆိုင်ရမှာ အသေအချာပါပဲ။ ဒီလို အခြေအနေတွေကို ကြံကြံခိုင် ရင်ဆိုင်ပြီး ဂရင်းဝုဒ်အနေနဲ့ သူရဲ့ ဘောလုံးသမားဘဝကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ရမှာပါ။ အခုက ဂရင်းဝုဒ်အတွက် အခွင့်အရေး ပြန်ရလာချိန်လည်းဖြစ်လို့ ဒါကို အကောင်းဆုံး အသုံးချဖို့သာ လိုအပ်ပါတော့တယ်။ လာလီဂါမှာ ပြန်လည် တောက်ပနိုင်ပါစေ သစ်သားစိမ်းလေးရေ။

Featured Photo : The Times