မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချို တို့ နှစ်ဦးဟာ အာဆင်နယ် နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး တန်ဟက်ဂ်ပြောဆိုခဲ့တဲ့ မှတ်ချက်စကားကြောင့် နည်းပြ နဲ့ ကစားသမားတို့ရဲ့ကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေရပြီး ဆက်ဆံရေး တင်းမာမှုတွေလည်း ရှိလာနိုင်ပါတယ်။

sancho tenhag

Photo Credit : TEAMtalk

ဆန်ချိုက အာဆင်နယ် နဲ့ ယူနိုက်တက်တို့ ပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ အရန်လူစာရင်းထဲမှာတောင် ပါဝင်လာခြင်း မရှိတာကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ သတင်းထောက်တွေ မေးမြန်းစုံစမ်းခဲ့ရာ ဆန်ချို ရဲ့ လေ့ကျင့်ရေးကွင်းအတွင်း စွမ်းဆောင်ရည်တွေကို သဘောကျခြင်း မရှိလို့ လူစာရင်းကနေ ခုလို ချန်လှပ်ခဲ့ကြောင်း တန်ဟက်ဂ်က ဖြေဆိုခဲ့ပါတယ်။ ဒီလို ဖြေဆိုမှုကို ဆန်ချိုက လက်သင့်မခံနိုင်ခဲ့ပဲ တစ်နာရီအတွင်းမှာ ထုတ်ပြန်ချက်တစ်စောင် သူရဲ့ တွစ်တာပေါ်မှာ ပြန်တင်ခဲ့ပါတယ်။

sancho vs ten hag

Photo Credit : Goal

“ကျေးဇူးပြုပြီးတော့ ဖတ်သမျှတွေကို မယုံလိုက်ပါနဲ့။ လုံးဝ မှန်ကန်မှု မရှိတဲ့ အကြောင်းတွေ လူတွေ ပြောကြမှာကို ကျွန်တော် ခွင့်မပြုဘူး။ ကျွန်တော် အသင်းအတွက် ရွေးချယ်မခံရတဲ့ ကိစ္စမှာ တခြား အကြောင်းပြချက်တွေ ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အဲ့ဒီလို ကိုယ့်ကြောင့်မဟုတ်ပဲ အပြစ်တင်ခံနေရတာ အတော်ကြာပါပြီ။ အဲ့ဒါက မျှတမှု မရှိပါဘူး။ ကျွန်တော် လုပ်ချင်တာက ဘောလုံးကို ပြုံးပျော်နေပြီး ကစားရဖို့ရယ် အသင်းအပေါ် အကျိုးပြုနိုင်ဖို့ရယ်ပါပဲ။ နည်းပြအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်တိုင်းကိုလည်း ကျွန်တော် လေးစားပါတယ်။ ကစားသမားကောင်းတွေနဲ့ ကစားရတာကို ဝမ်းသာသလို အပတ်တိုင်း စိန်ခေါ်မှု ရှိနေတယ်ဆိုတာကိုလည်း သိထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအသင်းအတွက် ကျွန်တော် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။” လို့ ဆန်ချို က ဖော်ပြခဲ့ပါတယ်။

manager vs player

Photo Credit : The Sun

ဒီလို ရေးသားမှုကြောင့်ပဲ ဆန်ချို နဲ့ နည်းပြတန်ဟက်ဂ်တို့ရဲ့ကြားမှာ သဘောထား ကွဲလွဲမှု ရှိနေတယ်ဆိုတာကို ပိုပြီး သိသာသွားစေရပြီး တန်ဟက်ဂ် ကိုလည်း ရော်နယ်လ်ဒိုရဲ့ case နဲ့ နှိုင်းယှဉ်ကာ ဝေဖန်ထားကြသလို ဆန်ချိုကိုလည်း အသင်းက အခြေအနေဆိုးတွေ ရှိနေချိန်မှာ ခုလို ရူးမိုက်တဲ့ ထုတ်ပြန်ချက်မျိုး မလုပ်သင့်ကြောင်း ပြစ်တင်ထားကြပါသေးတယ်။

Featured Photo : talkSPORT