နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ လူသားများအဖို့ နေ့စဉ်ဘဝအတွက်လည်းကောင်း၊ ဖျော်ဖြေရေးအတွက်လည်းကောင်း၊ လူသားတို့ရဲ့ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် လည်းကောင်း နည်းပညာမြင့် Gadgets တွေ အများအပြား ဖန်တီးထုတ်လုပ်လာကြပါတယ်။ ကျွန်တော်တို့ကို အံ့အားသင့်စေလောက်တဲ့ အမိုက်စား Gadgets တွေလည်း အများအပြားပါပဲ။ ဒီနေ့မှာတော့ ကွီးတို့ အတွက် မိုက်မှမိုက် ကြိုက်မှကြိုက်လို့ ဖြစ်သွားစေမယ့် အသစ်အသစ်သော အလန်းစား Gadgets တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
GoPro HERO9 Black

Photo : Mashole
ကွီးတို့ရေ အမှတ်တရတွေကို ရိုက်ကူးဖို့အတွက် ဖြစ်စေ၊ Professional ဆန်ဆန် ရိုက်ကူးဖို့ ဖြစ်စေ သယ်ဆောင်ရလွယ်ကူတဲ့ ကျစ်ကျစ်လစ်လစ် အမိုက်စား ကင်မရာလေးတစ်လုံး မလိုချင်ဘူးလား။ ဒါဆိုရင်တော့ GoPro ရဲ့ GoPro HERO9 Black ရှိပါတယ်။ ဒီကောင်လေးမှာ Front LCD နှင့် Touch Rear Screens ပါရှိပြီး ရေစိုခံနိုင်ပါတယ်။ ဒါ့အပြင် 1080p ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု၊ 23MP ဓာတ်ပုံများ၊ 5.3K60 Ultra HD ဗီဒီယို တို့ကိုလည်း ရိုက်ကူးနိုင်ပြီး တည်ငြိမ်မှုလည်း ရှိပါတယ်။ သူရဲ့ အရွယ်အစားက တော်တော်လေးသေးငယ်တာကြောင့် ဘယ်ကိုပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ ယူဆောင်သွားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၂၁၈ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။
Pwnage StormBreaker Mouse

Photo : Gaming trend
ခပ်လန်းလန်း ဒီဇိုင်းနဲ့ Gaming Mouse ကို ရှာနေရင်တော့ Pwnage StormBreaker ရှိပါတယ်။ ဒီမောက်စ်ကို တာရှည်ခံမဂ္ဂနီဆီယမ်သတ္တုစပ်ဖြင့် ဖန်တီးထားတာကြောင့် တော်တော်လေးပေါ့ပါးပါတယ်။ ဒါ့ကြောင့် နာရီပေါင်းများစွာ ဂိမ်းကစားဖို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့အပြင် ဘက်ထရီသက်တမ်းကလည်း နာရီပေါင်း ၁၂၀ ကျော်အထိ ခံပါတယ်။ အလန်းစားမောက်စ်နဲ့ Gamer ကွီးတို့ရဲ့ စွမ်းရည်ကို ဖော်ထုတ်ချင်ရင်တော့ ဒီကောင်လေးက မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ၁၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
QuietOn Sleep

Photo : Prnewswire
ကိုယ့်ဘေးနားက အိပ်တဲ့သူက အရမ်းဟောက်တတ်လို့ အိပ်ပျက်ညတွေများနေပြီလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့၊ QuietOn Sleep ဆိုတဲ့ နားကြပ်လေးက ကွီးတို့ကို ဒီအခက်အခဲကနေ ကူညီပေးပါလိမ့်မယ်။ QuietOn Sleep ဆိုတာကတော့ ဟောက်သံကို ပယ်ဖျက်ရန် ဒီဇိုင်းထုတ်ထားပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေမည့် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဒါလေးက ကမ္ဘာ့အကောင်းဆုံး ဟောက်သံကို တားဆီးနိုင်တဲ့ Gadget လေးဆိုလည်း မမှားပါဘူး။ ၎င်းမှာ ဟောက်သံကဲ့သို့ ဆူညံသံတွေက အသုံးပြုသူကို မနှောင့်ယှက်နိုင်ဖို့အတွက် Active Noise Canceling ပါရှိပြီး ဘေးကင်းပါတယ်။ ဘက်ထရီသက်တမ်းကလည်း နာရီ ၂၀ ခန့်ခံပါတယ်။ ဈေးနှုန်းကတော့ ၁၅၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
USB Fan with LED Clock

Photo : Ottidymall
ပူအိုက်တဲ့ ရာသီဥတုလေးမှာ USB လေးထိုးလိုက်ရုံနဲ့ လေရတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။ ဒါလေးကတော့ လေလည်းရမယ့်အပြင် ကွီးတို့အတွက် ပန်ကာလှည့်တာနဲ့ အချိန်ကိုပြသမည့် LED နာရီလေးလည်း ပါရှိပါတယ်။ ဒါ့အပြင် သူရဲ့ Stand က လိုအပ်သလို ကွေးနိုင်ဆန့်နိုင်ပါတယ်။ ဒီဆန်းပြားတဲ့ အလန်းစားလေးကတော့ ၁၅ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ နည်းပညာသုံး အလန်းစား Gadgets လေးတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ကွီးတို့ မိုက်မှမိုက် ကြိုက်မှကြိုက်လို့ ဖြစ်သွားစေမယ့် Gadgets လေးတွေကို ဆက်လက်ဝေမျှပေးပါဦးမယ်။
Source : Awesome Stuff to Buy
Featured Photo : E price
