ယနေ့ခေတ် နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ အသုံးပြုစရာ စွဲမက်ဖွယ် ဆိုရှယ် မီဒီယာတွေကလည်း များပြားလာပါတယ်။ နည်းပညာခေတ်မှာ ဖုန်းတွေက ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခြင်းနဲ့အတူ ဖုန်းအသုံးပြုချိန်များလာပြီး လူတော်တော်များများက Screen Time များနေတတ်ပါတယ်။ ဒီလို တစ်ချိန်လုံး ဖုန်းကြည့်နေချိန် သို့မဟုတ် Screen Time များနေရင်တော့ ရေရှည်မှာ ဆိုးကျိုးတွေကို ခံစားလာရနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ ဆိုးကျိုးတွေ သက်ရောက်လာနိုင်သလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်။

အဝလွန်ခြင်း

Screen Time များနေရင်တော့

Photo : Eat This Not That

ဖုန်းကို တစ်ချိန်လုံးကြည့်နေခြင်း ဒါမှမဟုတ် ဗီဒီယိုဂိမ်းကစားခြင်း သို့မဟုတ် တီဗီကြည့်ခြင်းတို့က ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်းကြောင့် ကိုယ်အလေးချိန်တတ်လာပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး ဆီးချိုရောဂါ၊ သွေးပေါင်ချိန်တိုးခြင်း သို့မဟုတ် ကိုလက်စထရောများခြင်း ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။

အိပ်စက်ခြင်း စက်ဝန်းကို ထိခိုက်စေပါတယ်

Screen Time များနေရင်တော့

Photo : Furl

ဖုန်း၊ ကွန်ပျုတာ၊ လပ်တော့ မျက်နှာပြင်တို့မှ ထုတ်လွှတ်သော အလင်းရောင်က ကျွန်တော်တို့ ဦးနှောက်ရဲ့ အိပ်စက်ခြင်း လည်ပတ်မှုကို ထိခိုက်စေကာ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ချိန် အိပ်ရာထဲမှာ ဖုန်းကြည့်ခြင်းကို ရှောင်ပါ။ ဒါ့အပြင် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ အိပ်ရာမဝင်ခန်း အနည်းဆုံး တစ်နာရီခန့် အလိုတည်းက ဖုန်း ဒါမှမဟုတ် တီဗွီကြည့်ခြင်းကို ရှောင်ရှားပါ။

နာတာရှည် လည်ပင်းနဲ့ ကျောနာခြင်းကို ဖြစ်စေခြင်း

Screen Time များနေရင်တော့

Photo : Only Men Health

ဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် တီဗွီတို့ကို တစ်ချိန်လုံး ကြည့်နေခြင်းကြောင့် Screen Time များလွန်းခြင်းက ကိုယ်ဟန်အနေအထား ထိခိုက်စေပြီး နာတာရှည်လည်ပင်း၊ ပခုံးနှင့် ခါးနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နေဟန်ထားတစ်ပုံစံတည်းဖြင့် အချိန်အကြာကြီး ဖုန်းကြည့်ခြင်းကို ရှောင်ပါ။ ထိုင်တာ အချိန်များလာပြီဆိုတာ သတိပြုမိပြီဆိုတာနဲ့ မတ်တပ်ရပ်ခြင်း၊ အနည်းငယ်လမ်းလျှောက်ခြင်းနဲ့ အကြောဆန့်ခြင်းတို့ကို ပြုလုပ်ပါ။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

Photo : The Push-Up Challenge

Screen Time များခြင်းက ကွီးတိုရဲ့ စိတ်ခံစားမှုများအပေါ် သက်ရောက်မှုရှိလာပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာများရဲ့ လွှမ်းမိုးမှုကြောင့် လက်တွေ့ဘဝမှာ ဆုံးဖြတ်နိုင်စွမ်းကို မရေမရာဖြစ်စေပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုများအရ မီဒီယာပေါ်မှ ရန်လိုသော မကောင်းတဲ့ အကြောင်းအရာများနဲ့ ထိတွေ့မှုများခြင်းသည် ကလေးငယ်များနဲ့ ဆယ်ကျော်သက် များတွင် ရန်လိုမှု အဆင့်ကိုတိုးမြင့်စေတယ်လိုဆို ထားပါတယ်။ ဒါ့အပြင် စိတ်စိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကိုလည်း ထိခိုက်စေပါ်တယ်။

ဦးနှောက်နဲ့ မျက်လုံးကို ထိခိုက်စေခြင်း

Photo : See Optometry

Screen Time များလွန်းခြင်းက မှတ်ဉာဏ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ချို့ယွင်းမှုကို ဖြစ်စေပါတယ်။  အာရုံစူးစိုက်မှုအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ သတင်းအချက်အလက်လုပ်ဆောင်ရာတွင် နှေးကွေးခြင်းနှင့် ထိန်းချုပ်မှု အားနည်းခြင်းပုံစံများဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဖန်သားပြင်ကို အချိန်များစွာ စိုက်ကြည့်ခြင်းက ကွီးတို့ မျက်လုံးများကို ထိခိုက်စေပြီး ခြောက်သွေ့စေရုံသာမက မြင်လွှာပျက်စီးခြင်းနှင့် အမြင်မှုန်ဝါးခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆက်ဆံရေးများအပေါ် သက်ရောက်ခြင်း

Photo :Verywell Mind

ကွီးတို့ရေ Screen Time များခြင်းက ကွီးတို့ရဲ့ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ၊ ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်နဲ့ပဲ ဖြစ်စေ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဒီလို ဖုန်းကို တစ်ချိန်လုံးကြည့်နေခြင်းဖြင့် ကိုယ်နားက လူတွေနဲ့ ဆက်သွယ်ပြောဆိုမှု နည်းလာပြီး စိမ်းကားလာနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးမှာ ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်မ‌ပေးနိုင်ဖြစ်ကာ၊ စိတ်ဝင်စားမှုနဲ့ နားလည်မှုနည်းပါးလာပြီး ကွီးတို့ရဲ့ အိမ်ထောင်ရေးကို ထိခိုက်လာနိုင်ပါတယ်။

ကွီးတို့ရေ တစ်နေ့ကို အချိန်ဘယ်လောက်လောက် ဖန်သားပြင်ပေါ်မှာ ကုန်ဆုံးနေပါသလဲ။ Screen Time များနေရင်တော့ ဒီလို အကျိုးဆက်တွေ ဖြစ်လာမှာပါ။ ဒါ့ကြောင့် သတိနဲ့ တတ်နိုင်သလောက် Screen Time ကိုလျှော့ချပါ။

Source : Valleywise Health

Featured Photo : Huff