အိုင်ဒီနည်းပညာများ တဖြည်းဖြည်း တိုးတက်လာခြင်းမှာ အားသာချက်တွေလည်းရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။ အားသာချက်တွေကတော့ သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီ သိရှိနိုင်တာဖြစ်ပြီး အားနည်းချက်ကတော့ တစ်နေကုန် ဖုန်းသုံးနေရခြင်း၊ ကွန်ပျူတာ သုံးနေရခြင်းတို့ကြောင့် မျက်စိ ထိခိုက်လာခြင်းပဲဖြစ်ပါတယ်။ Screen Time များလာခြင်းကို ဘယ်လိုမှ လျော့ချလို့မရဘူးဆိုရင်တော့ မျက်စိ လေ့ကျင့်ခန်းများကို နေ့တိုင်းပြုလုပ်ပေးဖို့လိုအပ်လာပါပြီ။

မျက်စိအထူးကု ဆရာဝန်များကလည်း မျက်စိကျန်းမာရေးအတွက် မျက်စိလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ကြောင်း အကြံပေးထားကြပါသေးတယ်။ Screen Time များနေသူများအဖို့ မျက်စိ လေ့ကျင့်ခန်းများသည် မျက်စိကြွက်သားများကို သန်မာလာစေပြီး အမြင်အာရုံကောင်းမွန်လာအောင် ကူညီပေးပါတယ်။

Screen Time များတဲ့သူတွေအတွက် ထိရောက်မှုရှိတဲ့ မျက်စိ လေ့ကျင့်ခန်းများကတော့…

နှစ်ဆယ် သုံးခု စည်းမျဥ်း

Screen Time မျက်စိ

Photo: Juststand

ကွန်ပျူတာနဲ့ အလုပ်လုပ်နေရသူများ၊ ဖုန်းသုံးသူများ၊ တီဗွီကြည့်သူများသည် မိနစ် ၂၀ ခန့် ကြည့်ပြီးတိုင်းမှာ မိမိနဲ့ ပေ ၂၀ ခန့် ကွာဝေးတဲ့အရာတစ်ခုကို စက္ကန့် ၂၀ ခန့် စိုက်ကြည့်ပေးရမှာဖြစ်ပါတယ်။ မိနစ် ၂၀ ကြာတိုင်း ကြာတိုင်းမှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

မျက်တောင်ခတ်ဖို့လည်း မမေ့ပါနဲ့

Screen Time မျက်စိ

Photo: Lenspure

ကျနော်တို့သည် တီဗွီပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်၊ ဖုန်းပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို အာရုံစိုက်မိတဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ မျက်ခမ်းခြောက်လာပြီး ခေါင်းကိုက်လာတတ်ပါတယ်။ ဒါ့ကြောင့် စခရင်မ်ကို အာရုံစိုက်နေပေမယ့် ပုံမှန်နှုန်ထားအတိုင်း မျက်တောင်ခတ်ပေးဖို့ လိုအပ်ပါတယ်။

လက်ဖဝါးဖြင့် အုပ်သော လေ့ကျင့်ခန်း

Screen Time မျက်စိ

Photo: Perfectlensworld

မျက်စိကို မှိတ်ထားပြီး လက်ဖဝါးနှစ်ဖက်ကို မျက်စိပေါ်မှာ တင်ထားလိုက်ပါ။ စက္ကန့် ၃၀ ခန့် ကြာသည်အထိ (သို့) နောက်ဆုံး မြင်ခဲ့တဲ့ ပုံရိပ်များ ပျောက်ကွယ်သွားပြီး အမြင်အာရုံတစ်ခုလုံး မှောင်အတိဖြစ်သွားသည်အထိ အုပ်ထားရမှာဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းပြုလုပ်နေစဥ်မှာ လက်ဖဝါးနှစ်ဖက်က မျက်စိကို အတင်းအကြပ်ကြီး ဖိမထားဖို့ လိုအပ်ပါလိမ့်မယ်။

မျက်လုံးများကို ဆော့ကစားပါ

eye exercises

Photo: icarevision

အရင်ဦးဆုံး မျက်လုံးကို ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက် ပြုလုပ်ရပါမယ်။ ခေါင်းကို မရွေ့လျားစေဘဲ မျက်စိကိုသာ လှုပ်ရှားပေးရမှာဖြစ်ပါတယ်။ ထို့နောက် အပေါ်ရွေ့လိုက်၊ အောက်ရွေ့လိုက်၊ ဒေါင့်ဖြတ်မျဥ်းအတိုင်း ရွေ့လိုက်ဖြင့် ပြုလုပ်ပေးရပါမယ်။ စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားပေးဖို့လည်း လိုအပ်ပါတယ်။

အင်္ဂလိပ် ဂဏန်း (8) လေ့ကျင့်ခန်း

eye exercises

Photo: Cleareyesight

ဒီလေ့ကျင့်ခန်းသည်လည်း ကွီးတို့ရဲ့ မျက်စိကြွက်သားများကို သန်မာလာအောင် ကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး သင်နဲ့ ၁၀ ပေခန့် ကွာဝေးတဲ့ အကွာအဝေးတစ်ခုရဲ့ ကြမ်းပြင်ပေါ်မှာ ဂဏန်း (8) ကို ပုံဖော်ကြည့်လိုက်ပါ။ ထို့နောက် ထိုဂဏန်း ရေးသားတဲ့ပုံအတိုင်း သင့်ရဲ့ မျက်စိကို လိုက်ရွေ့လျားရပါမယ်။ မိနစ်အနည်းငယ်ခန့် ပြုလုပ်ပြီးတဲ့နောက်မှာ အခြားတစ်နေရာသို့ ပြောင်းကြည့်လိုက်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ တနေကုန်လုံး ကွန်ပျူတာနဲ့ အလုပ်လုပ်နေရသူများ၊ ဖုန်းအသုံးများသူများ၊ တီဗွီအကြည့်များသူများ နေ့စဥ်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

Source: Webmd

Featured Image: Brightside