ပြီးခဲ့တဲ့ စက်တက်ဘာ (၈)ရက်နေ့က မော်ရိုကိုနိုင်ငံမှာ ပြင်းအား ရစ်ချ်တာစကေး (၇.၂) ပြင်းအားရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ရာ မော်ရိုကို ပြည်သူတွေ တော်တော်များများ သေကြေပျက်ဆီးခဲ့ရပြီး (၈၀၀)ကျော်ထက်မနည်း သေဆုံးခဲ့ရသလို လူဦးရေ (၇၀၀)နီးပါးလောက်အထိ ထိခိုက် ဒဏ်ရာ ရရှိခဲ့ရပါတယ်။

morocco earthquake

Photo Credit : CNBC

ဒီလို ဆိုးဆိုးရွှားရွှား ငလျင်ဒဏ်ကြောင့် မော်ရိုကို လက်ရွေးစင်အသင်း ကစားသမားတွေဟာ ငလျင်ဒဏ်သင့် ပြည်သူများထဲကများကမှ သွေးလိုအပ်နေတဲ့ ပြည်သူတွေအတွက် သွေးလှူဒါန်းမှုတွေ လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးအသင်းတွေနဲ့ ဘောလုံးသမားပေါင်းများစွာကလည်း မော်ရိုကို ပြည်သူတွေ ဘေးကင်းကြစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသလို ကမ္ဘာကျော် ဘောလုံးသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုရင်လည်း ငလျင်ဒဏ်ခံ မော်ရိုကို နိုင်ငံသားတွေအတွက် အကောင်းဆုံး ကူညီမှုတွေကို လုပ်ဆောင်ပေးသွားနိုင်ခဲ့ပါတယ်။

ronaldo morocco hotel

Photo Credit : Twitter

ရော်နယ်လ်ဒိုက ကမ္ဘာပေါ်က နေရာတော်တော်များများမှာ သူရဲ့ CR7 ဟိုတယ်တွေ ဖွင့်လှစ်ထားပြီး မော်ရိုကိုနိုင်ငံမှာလည်း Pestana CR7 လို့ နာမည်ပေးထားတဲ့ ဟိုတယ်တစ်ခုကိုလည်း ဖွင့်ထားခဲ့ပါတယ်။ အခုလို မော်ရိုကိုနိုင်ငံမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်လာချိန်မှာတော့ ရော်နယ်လ်ဒိုက သူရဲ့ Pestana CR7 ဟိုတယ်ကို ငလျင်ဒဏ်ကနေ လွတ်မြောက်လာတဲ့သူတွေ နေထိုင် ခိုလှုံဖို့အတွက် နေရာတစ်ခုအဖြစ် သတ်မှတ်ပေးထားလျက် ရှိပါတယ်။ ရော်နယ်လ်ဒိုရဲ့ ဒီလုပ်ရပ်ကတော့ လုံးဝကို လေးစားလောက်စရာဖြစ်ပြီး လိုအပ်နေချိန်မှာ ဒီလို အကူအညီပေးနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုကိုလည်း ကမ္ဘာ့ဘောလုံးပရိသတ်တွေအားလုံးက ဝိုင်းဝန်း ထောပနာပြုနေကြပါတယ်။

stop war

Photo Credit : Alantic Council

ဘောလုံးဆိုတာ အားကစားတစ်ခုထက် ပိုပါတယ်။ မော်ရိုကိုမတိုင်ခင် တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်တုန်းကလည်း ဘောလုံးသမားတွေ ပါဝင်လှူဒါန်းခဲ့ကြသလို ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်စစ် စတင်ချိန်မှာလည်း ဘောလုံးရပ်ဝန်းတစ်ခုလုံးနီးပါးက ယူကရိန်းဘက်က အားလုံး ရပ်တည်ပေးကြခဲ့ပါတယ်။ အခုလည်း မော်ရိုကို ကစားသမားတွေအပြင် ရော်နယ်လ်ဒိုတို့လို ကမ္ဘာကျော် ဘောလုံးသမားတွေပါ မော်ရိုကိုငလျင်မှာ ပါဝင် ကူညီဆောင်ရွက်ပေးနေခြင်းက ဘောလုံးဆိုတာ အားကစားတစ်ခုထက် ပိုပါတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။

Featured Photo : Sport Brief