ရုပ်ရှင်ဇာတ်ကား တွေက ကျွန်တော်တို့ရဲ့ စိတ်ကိုလွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်‌အောင်၊ ဝမ်းနည်းအောင်၊ ခံစားမှုတစ်ခုခု ကျန်ခဲ့အောင် တွေးစရာတွေ ဆွေးစရာတွေ ပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် စိတ်ညစ်နေချိန်ဖြစ်စေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချချင်လို့ဖြစ်စေ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဇာတ်ကားလေးတွေကို ကြည့်ရှုလိုက်ခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ညစ်နေတာတွေ လစ်သွားစေမယ့် ဟာသဇာတ်ကားကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

No Hard Feelings

Source : Sony Pictures Entertainment

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဟာသကားလေးကတော့ မင်းသမီးချော Jennifer Lawrence သရုပ်ဆောင်ထားတဲ့ No Hard Feelings ဆိုတဲ့ ကားလေးပါ။ ဒီဇာတ်ကားမှာ မင်းသမီးချော Jennifer Lawrence ကို တမူထူးခြားတဲ့ Character နဲ့ကြည့်ရှုရမှာ ဖြစ်ပြီး ဒီနှစ် ၆ လပိုင်းကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ကွီးတို့ စိတ်ကျေနပ်လောက်တဲ့ Comedy ကားတစ်ကား ဖြစ်မလားဆိုတာတော့ အတူတူ ကြည့်လိုက်ရအောင်ဗျာ။

Murder Mystery 2

Source : Netflix

စိတ်လှုပ်ရှားစရာ အက်ရှင်ခန်းတွေနဲ့ စုံစမ်းမှုတွေ ပါဝင်တဲ့ ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် Murder Mystery 2 ရှိပါတယ်။ ဒီကားက ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ Murder Mystery ရဲ့ အဆက်ဖြစ်ပြီး မင်းသမီး Jennifer Aniston နဲ့အတူ Adam Sandler ၊ Adeel Akhtar ၊ Mark Strong တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ တတ်တတ်ကြွကြွ အက်ရှင်ဟာသကားလေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ရွေးလိုက်ဗျို့။

Maybe I Do

Source : Movie Trailer Source

ဒီကားလေးကတော့ Romance Comedy ကားလေးဖြစ်ပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဒီကားထဲမှာ မိဘတွေကို လက်ထပ်သင့်လား ဆိုတာ မေးခွန်းထုတ်ပြီး အကြံဉာဏ်တောင်းတာကို ရိုက်ကူးထားတာပါ။ စိတ်ဝင်စားဖွယ်တစ်ခုက သူတို့မိဘတွေက အချင်းချင်းဘယ်လို ဆက်ဆံရေးတွေ ရှိနေသလဲဆိုတာပါပဲ။ ဒီကားလေးမှာ Emma Roberts ၊ Richard Gere ၊ Dianne Keaton ၊ Susan Sarandon နဲ့ William H. Macy တို့ပါဝင်ထားပါတယ်။

We Have Ghost

Source : Netflix

ကွီးတို့အတွက် နောက်ထပ်ထူးခြားတဲ့ We Have Ghost ဆိုတဲ့ ဟာသကားလေးကို ထပ်ဖော်ပြပေးချင်ပါတယ်။ ဒီကားလေးထဲမှာ Kevin လို့အမည်ပေးထားတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အိမ်သစ်မှာ သရဲတစ္ဆေတစ်ကောင်ကို တွေ့ပြီး ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီဗီဒီယိုကို အင်တာနက်မှာ တင်လိုက်တဲ့ အခါ နာမည်ကြီးလာပြီး နောက် ဘာတွေဆက်ဖြစ်မှာလဲ၊ ထိုတစ္တေရဲ့ သေဆုံးခဲ့မှုကိုရော ဘယ်လို အဖြေရှာကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

The Out-Laws

Source : Netflix

ဒီဟာသကလေးကတော့ Vampire Diaries ရဲ့ မင်းသမီးလေးဖြစ်သူ Nina Dobrev နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Adam DeVine၊ Pierce Brosnan၊ Ellen Barkin၊ Michael Rooker၊ Poorna Jagannathan၊ Julie Hagerty၊ Richard Kind၊ Lil Rel Howery နဲ့ Blake Anderson တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ လက်ထပ်တော့မယ့် ရိုးသားဖြောင့်မတ်တဲ့ ဘဏ်မန်နေဂျာတစ်ယောက် ဘာတွေ ရင်ဆိုင်ရမှာလဲ။ သူ့ယောက္ခမတွေနဲ့ရော ဘယ်လိုတွေ ပတ်သတ်မှုရှိနေသလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ ညစ်နေတာတွေ လစ်သွားစေမယ့် ရသစုံ ဟာသကားလေးတွေကို ဝေမျှပေးထားပါတယ်။ ဆက်လက်ပြီးတော့ ကောင်းနိုးရာရာ ကားလေးတွေ ဖော်ပြပေးဦးမှာ ဖြစ်တာကြောင့် စောင့်မျှော် ဖတ်ရှုပေးပါဦးဗျာ။

Source : Marie Claire

Featured Photo : IMDb