ငှက်ကျား လို့ ကျွန်တော်တို့တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ နယူးကာဆယ်အသင်းဟာ နှစ်ပေါင်း (၂၀)အကြာမှ ချန်ပီယံလိဂ်ဝင်ခွင့်ကို တစ်ကျော့ပြန် ရရှိခဲ့ပေမယ့်လည်း အုပ်စုအဆင့် မဲခွဲပြီးချိန် နယူးကာဆယ်က ပီအက်စ်ဂျီ အေစီမီလန် ဒေါ့မွန်တို့လို အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ကာ တကယ့်ကို မရဏအုပ်စုထဲကို ကျရောက်နေရပါတယ်။ ဒီနေ့မှာလည်း အေစီမီလန်နဲ့ မီလန်မြို့မှာ အဝေးကွင်း ပွဲကြပ်တစ်ပွဲကို ဆင်နွဲရပါတော့မယ်။

Photo Credit : talkSPORT

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆင့် (၄)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့အပြင် ခါရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာပါ ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ ဒီရာသီမှာတော့ လူအင်အား ပိုမို တောင့်တင်းလာခဲ့ရပေမယ့် ရလဒ်တွေကတော့ ဆိုးရွှားနေပါတယ်။ ဒါပေမယ့် သူတို့ ရလဒ်မကောင်းခဲ့တာက မန်စီးတီး လီဗာပူးလ် ဘရိုက်တန်တို့ ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာမို့ အရမ်းကြီးတော့ ဝေဖန်လို့လည်း မရနိုင်သေးပါဘူး။

group of death

Photo Credit : Bleacher Report

လက်ရှိ နယူးကာဆယ်အသင်း ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားအရဆိုရင် ဥရောပ ဘယ်အသင်းကိုမဆို ခြိမ်းခြောက်နိုင်တဲ့ အစုအဖွဲ့မျိုးဖြစ်လို့ ဒီညမှာပဲ အေစီမီလန်လို ဥရောပ အတွေ့အကြုံကောင်းတွေ ကြွယ်ဝတဲ့ အသင်းမျိုးကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာရပါတယ်။ နယူးကာဆယ်အတွက် မျှော်လင့်ချင်စရာ ဖြစ်နေတာက အုပ်စုတွင်း အသင်းတွေထဲမှာ မီလန်က အင်တာကို ဂိုးပြတ် ရှုံးထားပေမယ့် မီလန်ရဲ့ ခြေစွမ်းက တည်ငြိမ်လျက် ဖြစ်နေပေမယ့် ပီအက်စ်ဂျီ နဲ့ ဒေါ့မွန်တို့က အနည်းငယ်လေး shaky ဖြစ်နေရပါတယ်။

champions league

Photo Credit : The Analyst

ဒါပေမယ့် ဒီအသင်းတွေအားလုံးက နယူးကာဆယ်ထက် ဥရောပ အတွေ့အကြုံပိုင်းမှာ ခေါင်းတစ်လုံးသာနေတာကိုတော့ မေ့ထားလို့ မရသလို ဒီည ရင်ဆိုင်သွားရမယ့် မီလန်ဟာဆိုရင်လည်း နယူးကာဆယ်ထက် ပွဲရဲ့ အရှိန်ကို ထိန်းချုပ်နိုင်တဲ့အပိုင်းတွေမှာ အားသာနေပါတယ်။ ဒါကြောင့် မနှစ်က လီဗာပူးလ် စပါး ချယ်လ်ဆီးတို့လို အသင်းတွေ ကျော်ဖြတ်ပြီး အဆင့် (၄)နေရာ ရယူရင်း ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပျံသန်းထားခဲ့ရတဲ့ ငှက်ကျားတို့ မရဏအုပ်စုကနေ လွတ်ကျွတ်အောင် ပျံသန်းပြနိုင်ဦးမလားဆိုတာ…

Featured Photo : DAZN