အဆီပိုစုနေတဲ့ Abs ကြွက်သားတွေထက် ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းတဲ့ Abs ကြွက်သားတွေကို အမျိုးသားတိုင်း ပိုလိုလားကြမယ် ထင်ပါတယ်။ ဒီလို ကျစ်လစ်တဲ့ Abs ကြွက်သားတွေရဖို့က တကယ်က မခက်ခဲပါဘူး။ နေ့ချင်းညချင်းတော့ မြန်မြန်ဆန်ဆန် ဖြစ်မလာနိုင်ပေမယ့် နည်းစနစ်တကျ ပုံမှန်ပြုလုပ်သွားရင် အချိန်တစ်ခုမှာ ကွီးတို့လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအဆကို ရရှိနိုင်ပါတယ်။ ကျစ်လစ်တဲ့ Abs ကြွက်သားတွေ ရဖို့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့အတွက် ဘာကိုပဲဝတ်ဝတ် စမတ်ကျပြီး ကြည့်ကောင်းနေစေမှာ အသေအချာပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် Abs ကြွက်သားတွေကို ရှယ်ထိစေမယ့် အကောင်းဆုံး Workout အချို့ကို ဖော်ပြပေးချင်ပါတယ်။
Plank-Up
Photo : Men’s Health
Plank လေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီတွေကို ကျစေကာ Abs ကြွက်သားတွေ ကျစ်လစ်စေပြီး 6 Packs ရရှိစေဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပိုမိုထိရောက်စေဖို့ဆိုရင် ရိုးရိုး Plank ထောက်ခြင်းထက် Plank-Up ကို ပြုလုပ်နိုင်ပါတယ်။
Dead Bug
Photo : Focus Fitness
ဒီလေ့ကျင့်ခန်းကလည်း ဝမ်းဗိုက်ကြွက်သားတွေကို လျင်လျင်မြန်မြန် ထိရောက်စေတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တင်ပါးဆုံတွင်း တည်ငြိမ်မှုကို တိုးတက်စေပါတယ်။ လုပ်ရတာလွယ်ကူ ရိုးရှင်းသလောက် ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
Mountain Climbers
Photo : Men’s Health
ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်က အဆီတွေကို ကျစေတဲ့ ကိုယ်လုံးပြည့်လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားများ၊ ခါးဘေးကြွက်သားများ၊ ပခုံး၊ ပေါင်နဲ့ ခြေထောက်ကြွက်သားများကိုလည်း ထိရောက်ပြီး ကျစ်လစ်သန်မာစေပါတယ်။
Barbell Back Squat
Photo : Body Building Wizard
ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ Glutes ကြွက်သားများ၊ တံကောက်ကြောများကို အားကောင်းစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းမှုကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားများကို ကျစ်လစ်သန်မာစေပြီး အရိုးများကိုလည်း သန်မာစေပါတယ်။ ဒီလေကျင့်ခန်းကို ပြုလုပ်ရာမှာ ကွီးတို့ခံနိုင်ရည်နဲ့ ညီမျှတဲ့ အလေးကိုသာအသုံးပြုပြီး နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းတိုးသွားနိုင်ပါတယ်။
Russian Twists
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကို ကွီးတို့အနေနဲ့ ကိရိယာလွတ်ပြုလုပ်နိုင်သလို၊ ပိုပိုထိရောက်ချင်ရင် Dumbbell အလေးကိုကိုင်ပြီး ပြုလုပ်နိုင်ပါတယ်။ Russian Twists က ဗိုက်အဆီကို ကျစေပြီး ကျစ်လစ်တဲ့ ဝမ်းဗိုက်ကြွက်သားတွေ ရစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခါးဘေးကြွက်သားများနဲ့ နောက်ကျောကြွက်သားများကိုလည်း ကျစ်လစ်သန်မာစေပါတယ်။
Ab Rollout
Photo : Body Building Wizard
ကွီးတို့ရဲ့ Abs ကြွက်သားတွေကို ပုံသွင်းဖို့ ထိရောက်တဲ့ နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Ab Rollout ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေအပြင် နောက်ကျောကြွက်သားများ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုပါ ထိရောက်စေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Abs ကြွက်သားတွေကို ရှယ်ထိစေပြီး ကျစ်လစ်သန်မာစေမယ့် ထိရောက်တဲ့ အကောင်းဆုံး Workout တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပုံမှန်အလေးပေးပြီး ပြုလုပ်ပေးသွားရင် ကိုယ်လိုချင်တဲ့ Body ကို အမြန်ဆုံး ရရှိမှာ ဖြစ်ပါတယ်။
Source : GQ, Muscles & Fitness
Featured Photo : Men’s Jouranl