မစ္စတာ ဂေါင်းကြီး ဟယ်ရီ မက်ဂွိုင်းယားကတော့ ညက သူ့အသင်းဟောင်း ရှက်ဖီး ယူနိုက်တက်အသင်းနဲ့ ပွဲစဥ်မှာ တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆု MOTM ရရှိလောက်တဲ့အထိကို မန်ချက်စတာ ယူနိုက်တက် ခံစစ်ပိုင်းအတွက် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ်။

maguire

Photo Credit : Twitter X

အမှားအယွင်းတွေ များတက်လွန်းပြီး တည်ငြိမ်မှုမရှိတဲ့ ကစားဟန်တွေကြောင့် အမြဲလိုလို လှောင်ပြောင် ဝေဖန် ပြစ်တင်ခံနေရတက်တဲ့ မက်ဂွိုင်းယားဟာ အခုဆိုရင်တော့ သူရဲ့ပုံစံကောင်းတွေကို တဖြည်းဖြည်းနဲ့ ပြသလာနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကို ပွဲပြီးခါနီးမှ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာကတည်းက ခံစစ်ပိုင်းမှာ အတည်ငြိမ်ဆုံး ကစားခဲ့ရင်း အရေးပါတဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ ရှက်ဖီးအသင်းနဲ့ ပွဲစဥ်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တစ်ခုကို ဆက်လက် ပြသသွားနိုင်ခဲ့ပါတယ်။

maguire and evans

Photo Credit : Twitter X

ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ် ၊ ရာဖယ်လ် ဗာရန်းတို့လို အဓိက ခံစစ်မှူးတွေ ဒဏ်ရာရရှိနေချိန် အသင်းအတွက် ပါဝင်ကစားပေးဖို့ အခွင့်အရေး ရလာခဲ့တဲ့ မက်ဂွိုင်းယားက ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့ပါတယ်။ ကစားသမား လိုအပ်ချက်အရ ခံစစ်မှာ ဝါရင့် နောက်ခံလူကြီး ဂျွန်နီ အီဗန်စ်နဲ့ တွဲဖက်ကာ ပွဲထွက်ခဲ့ရပေမယ့်လည်း ယူနိုက်တက်အတွက် နောက်ဆုံး (၂)ပွဲဆက်တိုက် တည်ငြိမ်မှု အပြည့်နဲ့ ကစား​ပေးနိုင်ခဲ့တဲ့ မက်ဂွိုင်းယားကို လာမယ့် မန်ချက်စတာ ဒါဘီပွဲမှာပါ ထပ်မံ အသုံးပြုသွားဦးမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

harry maguire

Photo Credit : Football365

တကယ်တော့ မက်ဂွိုင်းယားဟာ လက်စတာအသင်းမှာ ကစားစဉ်တုန်းက အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့လို့ မန်စီးတီးကပါ ခေါ်ယူဖို့အထိ စိတ်ဝင်စားခံခဲ့ရပါသေးတယ်။ ယူနိုက်တက်ကို ရောက်ရှိပြီး နောက်ပိုင်း အချိန်တိုလေးအတွင်း အသင်းခေါင်းဆောင် ဖြစ်လာရခြင်းကလည်း မက်ဂွိုင်းယားကို ဖိအားများသွားစေခဲ့ရပြီး အဲ့ဒီကနေ အမှားအယွင်းတွေလည်း ပိုများလာခဲ့ရပါတယ်။ အခု အသင်းခေါင်းဆောင် မဖြစ်တော့ချိန်မှာ မက်ဂွိုင်းယား ဖိအားတွေ နည်းနည်းနဲ့ ကစားရတော့မှာ ဖြစ်တဲ့အပြင် အသင်းမှာ ပွဲကစားခွင့်တွေ ပြန်လည် ရရှိနေချိန်ဖြစ်လို့ ယူနိုက်တက်က သူ့အတွက် သုံးစွဲထားရတဲ့ တန်ကြေးနဲ့ ထိုက်တန်မှု ရှိကြောင်းကို ပြသသွားရပါတော့မယ်။

Featured Photo : Goal