မှန်ကန်တဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်းများကို ရွေးချယ် အသုံးပြုခြင်းက ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုမို တောက်ပ လာစေတယ်ဆိုတယ်ကို ကွီးတို့ သိပြီးပါပြီလား။ အလုပ်သွားတဲ့အခါ၊ အပြင်သွားအခါ၊ Gym သွားတဲ့အခါတွေမှာ စသည်ဖြင့် ကွီးတို့ရဲ့ ဖက်ရှင်သည် ပျိုမေတို့ရဲ့ အမြင်မှာ ဆွဲဆောင်မှု တိုးမယ်ဆိုရင်တော့ ကွီးတို့က ဆော်ကြည်ဘဲ တစ်ဗွေ ဖြစ်သွားမှာ မယုံမရှိပါနဲ့။
ကိုယ့်ရဲ့ ဖက်ရှင် က ပိုမို တောက်ပ လာစေချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။
ပိုက်ဆံအိတ်
ကွီးတို့ အသုံးပြုတဲ့ ပိုက်ဆံအိတ်က အရည်အသွေးကောင်းကောင်းနဲ့ သားသားနားနားဖြစ်ဖို့ လိုပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်ရှာထားတဲ့ငွေကို ဘယ်လိုနေရာမျိုးမှာ ထားသင့်သလဲ ဆိုတဲ့အချက်နဲ့ စဉ်းစားကြည့်ဖို့ပါ။ ပိုက်ဆံအိတ်ဆိုတာ နေရာတကာမှာ ပါတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အမြဲတမ်း တစ်ခုထက် ပိုမထားဖြစ်တဲ့ ပစ္စည်း ဖြစ်လို့ပါ။ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင် အမြဲတမ်းလည်း သုံးနေရတဲ့အပြင် အများရှေ့ပြရတဲ့ Show Products စာရင်းဝင် ထုတ်ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပစ္စည်းကောင်းလေး ဝယ်ထားရတော့ ကြာကြာလည်း အသုံးခံသလို သုံးတိုင်းလည်း စိတ်ချမ်းသာနေမှာပါ။
နာရီ
ယောကျာ်းလေးတစ်ယောက်အတွက် စမတ်ကျကျနဲ့ ခန့်ညားနေဖို့ အများကြီး ဖန်တီးလုပ်ယူစရာ မလိုပါဘူး။ ကိုယ်ဝတ်ဆင် ထားတဲ့ဖက်ရှင်နဲ့ လိုက်ဖက်မှုရှိတဲ့ နာရီကောင်းတစ်လုံး တွဲဖက်ဝတ်ဆင်လိုက်ရင် လုံးဝကို ခန့်ညားပြီး စမတ်ကျနေစေမှာ ဖြစ်ပါတယ်။ နာရီဝတ်ဆင်ခြင်းက သင့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပရော်ဖက်ရှင်နယ် ပီသသူတစ်ယောက်အသွင်ကို ဆောင်စေတာမလို့ မဖြစ်မနေဝယ်ထားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
အိတ်
နေ့စဉ်သုံးတဲ့ အလုပ်လွယ်အိတ်တို့ ရုံးလွယ်အိတ်တို့ဆိုတာ အကြမ်းခံဖို့ရော ဒီဇိုင်းနဲ့ အမျိုးအစားကောင်းဖို့ပါ လိုပါတယ်။ အလုပ်သွားအလုပ်ပြန် အမြဲလွယ်ရမှာ ဖြစ်လို့ Laptops ထည့်စရာနေရာလည်း ပါရမှာ ဖြစ်သလို စာရွက်စာတမ်းတွေ ၊ ဘောပင်နဲ့ တခြားတိုလီမိုလီပစ္စည်းလေးတွေ ထည့်ဖို့အတွက်လည်း အဆင်ပြေရမှာပါ။ ကိုယ်ကြိုက်တဲ့ စတိုင်ပေါ်လိုက်ပြီး အမျိုးအစားအနေနဲ့ အကြမ်းခံ လယ်သာသား ၊ Canvas ဖျင်သား ဒါမှမဟုတ်ရင်လည်း နှစ်မျိုးစပ်အထည်တွေ ရွေးချယ်နိုင်ပါတယ်။
ရှူးဖိနပ်များ
ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ မင်္ဂလာဧည့်ခံပွဲများ၊ ဒင်နာပါတီပွဲများ တက်တဲ့အခါ ခန့်ခန့်ညားညားနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်ကို ဖန်တီးချင်တယ်ဆိုရင် ရှူးဖိနပ်တစ်ရံသည်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ရှူးဖိနပ်အရောင် ရွေးချယ်တဲ့အခါမှာလည်း အခြေခံကျတဲ့ အရောင်ဖြစ်တဲ့ အနက်ရောင် (သို့) အညိုရောင် တို့ကို ရွေးချယ်လိုက်ပါ။
အနက်ရောင်ရှူးဖိနပ်၊ အညိုရောင် ရှူးဖိနပ်များသည် အင်္ကျီဘောင်းဘီ အဝတ်အစားမရွေးတာကြောင့် အပြင်သွားခါနီးမှာ ခေါင်းစားမှာမဟုတ်တော့ပါဘူး။
ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင် ကို ပြီးပြည့်စုံကာ တောက်ပ သွားဖို့အတွက် ဘယ်လိုဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ချင်ပါသလဲ။
Source:
Featured Image: Freepik