DIY ပရောဂျက်လေးတွေကို လုပ်ရတာ စိတ်ဝင်စားပါသလား။ DIY ပရောဂျက်လေးတွေကို အာရုံစူးစိုက်ပြီး ပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီစီးမှုတွေနဲ့ စိတ်ပင်ပန်းတာတွေကို လျော့ကျစေပါတယ်။ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် မသုံးတော့တဲ့ ပစ္စည်းလေးတွေ၊ ပိုနေတဲ့ ပစ္စည်းလေးတွေကို ပြန်လည် အသုံးချပြီး အသစ်အဆန်းတစ်ခုခုကို ဖန်တီးရတာ အမှန်တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ DIY ပရောဂျက်လေးတွေ ပြုလုပ်ရင်း ကွီးတို့ရဲ့ တီထွင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ အိုင်ဒီယာကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
အိမ်တွင်း အပင်စိုက် သစ်သားသေတ္တာ
Photo : Decorhint
ကွီးတို့ရဲ့ အိမ်မှာ သစ်သား အတိုအစလေးတွေ ရှိပါသလား။ ဒါဆိုရင်တော့ မပစ်လိုက်ပါနဲ့ဦး၊ အိမ်တွင်းအလှဆင်တဲ့ အပင်စိုက်သစ်သားပုံးလေး ပြုလုပ်နိုင်ပါတယ်။ ဒီ ပရောဂျက်ကိုလုပ်ဖို့ သိပ်တော့ မခက်ပါဘူး။ သံ အနည်းငယ်၊ တူနဲ့ သေတ္တာပြားလေး အချို့ပဲ လိုပါတာပါ။ ကွီးတို့မှာ ရှိတဲ့ သစ်သားအနည်းအများအလိုက် အရွယ်အစား အကြီးအသေးကို ချိန်ဆပြီး ပြုလုပ်နိုင်ပါတယ်။ ကွီးတို့စိတ်ကြိုက် ဆေးသုတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ကွီးတို့ ဧည့်ခန်းမှာ အလှဆင်ဖို့ပဲထားမလား၊ အိပ်ခန်းထဲမှာပဲ အလှထားမလား။ တကယ်ကို အဆင်ပြေတဲ့ အိုင်ဒီယာကောင်းလေးပဲ မဟုတ်ပါလား။
နံရံပေါ်က ပန်းချီပြခန်း
Photo : Seattle Refined
ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ အိုင်ဒီယာကောင်းလေး တစ်ခုကတော့ ကိုယ့်ရဲ့ ဧည့်ခန်းနံရံပေါ်မှာ အလှဆင်ဖို့ အမှတ်တရ ဓာတ်ပုံလေးတွေနဲ့ ပြခန်းလေးတစ်ခု ဖန်တီးခြင်းပါပဲ။ ဒီအိုင်ဒီယာလေးက သိပ်တော့မခက်ပါဘူး။ ကွီးတို့ အသုံးပြုမယ့် နံရံ အကျယ်ပေါ်မှာ မူတည်ပြီး ကိုယ်စိတ်ကြိုက်ဓာတ်ပုံတွေကို ရွေးချယ်ပရင့်ထုတ်ပါ။ ဓာတ်ပုံတစ်ပုံချင်းစီ ကြားထားမည့် နေရာလွတ်ကို တိကျအောင်လုပ်ရပါမယ်။ အောက်ဆုံးတန်းမှ အတန်းလိုက် အကွာအဝေးကိုလည်း ချိန်ဆဖို့လိုပါတယ်။ ဓာတ်ပုံများကို ခင်းကျင်းပြီးနောက် နောက်ခံ Collage အရောင်နဲ့ ဓာတ်ပုံဖွဲ့စည်းမှု ဟန်ချက်ညီပါစေ။ ဒါဆိုရင်တော့ သပ်ရပ်ပြီး ဆန်းပြားတဲ့ နံရံပေါ်က ပန်းချီပြခန်းလေး ရပါပြီ။ ကွီးတို့စိတ်ကြိုက် အိုင်ဒီယာတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ပေါင်းစပ်ပြီး ဧည်ခန်း ထဲမှာ ဖြစ်စေ၊ အိပ်ခန်းထဲမှာ ဖြစ်စေ၊ ကြိုက်နှစ်သက်တဲ့ နေရာမှာ ကွီးတို့ရဲ့ အမှတ်တရတွေကို အလှဆင်နိုင်ပါတယ်။
သစ်သားသော့ချိတ်
Photo : Pinterest
ကွီးတို့အနေနဲ့ သော့တွေကို စနစ်တကျမထားတဲ့ အခါ ခဏခဏ ပျောက်တာက မကြာခဏကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ပါ။ အခုပြောပြပေးမယ့် အိုင်ဒီယာလေးကတော့ ကွီးတို့ရဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်စေမှာပါ။ ဒါကတော့ ပိုနေတဲ့ သစ်သားပြားအနည်းငယ်နဲ့ သော့ချိတ်လေး ပြုလုပ်ခြင်းပါပဲ။ ချိတ်ဖို့အတွက် သံချောင်းတွေကိုပဲ အသုံးပြုနိုင်သလို၊ ကွီးတို့ စိတ်ကူးအလိုက် စျေးကွက်မှာ အဆင်သင့်ရှိတဲ့ ချိတ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကွီးရဲ့ ပင်ကိုယ် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ လက်မှုပညာကို သုံးပြီး ဒီ DIY ပရောဂျက်လေးကို လုပ်နိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ အားလပ်ရက်မှာ ဖြစ်စေ၊ ကွီးတို့ရဲ့ တီထွင်နိုင်စွမ်းကို မြှင့်တင်ချင်တဲ့အခါမှာ ဖြစ်စေ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းနဲ့ ဒီအိုင်ဒီယာလေးတွေကို ပေါင်းစပ်ပြီး အမိုက်စား အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ဖန်တီးလိုက်ပါ။
Source : Sawinery, Decorhint
Featured Photo : Pikcha