မာဆယ် တွေ ကျစ် ချင်တဲ့ ကွီးတို့အတွက် ဖြတ်လမ်းနည်းလေးတစ်ခုရှိပါတယ်။ ထိုဖြတ်လမ်းနည်းကတော့ အချိန်အကြာကြီး လေ့ကျင့်ခန်း မလုပ်ချင်တဲ့ ကွီးတို့အတွက် အသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ မာဆယ် တွေ ကျစ် လာဖို့အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်စရာလည်း မလိုပါဘူး။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို တစ်ရက်လျှင် ၁၀ မိနစ်၊ တစ်ပတ်လျှင် ၃ ရက်မှ ၄ ရက်အထိ ဆော့ကစားပေးမယ်ဆိုရင်ဖြင့် ကွီးတို့ လိုချင်တဲ့ မာဆယ်တွေကို ပိုင်ဆိုင်ရယူနိုင်ပြီပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Mountain Climbers လေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပေးပြီး ကြွက်သား များ တောင့်တင်းလာကာ ခန္ဓာကိုယ်ကို ရုတ်ချည်း ပြောင်းလဲသွားအောင် ကူညီပေးမှာပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း ပြုလုပ်တာ ကျွမ်းကျင်လာပြီဆိုရင်တော့ ရိုးရိုး Squat ထိုင်မယ့်အစား ခုန်ပြီး Squat ထိုင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

မာဆယ် ကျစ်

ဒီလေ့ကျင့်ခန်းကတော့ ဒူးထောက်ကာ Push-Ups ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

မာဆယ် ကျစ်

ဒီလေ့ကျင့်ခန်းကတော့ Jumping Jacks လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဝိတ်ကျဖို့အတွက် ခုန်ပြီး လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၅ စက္ကန့် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅)

မာဆယ် ကျစ်

နောက်ဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Deadlifts လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ပုံတွင် ပြထားသည့်အတိုင်း ဒူးခေါင်းအနည်းငယ် ကွေးညွှတ်ကာ အလေးတုံး အသုံးပြုပြီး Deadlifts လေ့ကျင့်ခန်းကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို တစ်ရက်လျှင် ၁၀ မိနစ်၊ တစ်ပတ်လျှင် ၃ ရက်မှ ၄ ရက်ခန့် ဆော့ကစားပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်က အဆီပိုတွေ ပျောက်ကွယ်သွားပြီး Six-Pack နဲ့ ညှို့ယူ နိုင်မှာပဲ ဖြစ်ပါတယ်။​

ကဲ… ကွီးတို့ရော Six-Pack အပြည့် မာဆယ် ကျစ်ကျစ်နဲ့ မဒီလေးတွေကို ညှို့ယူဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Freepik