ကွီးတို့က လုပ်ငန်းခွင်မှာ ကွန်ပြူတာ အသုံးပြုချိန်များတဲ့ သူတစ်ယောက်လား။ တစ်နေ့ကုန်နီးပါး အထိုင်များပြီး ကွန်ပြူတာ သုံးရတဲ့အခါမှာ သိသိသာသာ ပြဿနာဖြစ်လာစေတာကတော့ အကြောတက်တာနဲ့ ကိုယ်ဟန်အနေအထား ပုံပျက်လာတာပါ။ ဒီလိုအခြေအနေတွေကို ကာကွယ်နိုင်ဖို့ အချိန်အများကြီး ပေးစရာလိုပဲ ပြုလုပ်နိုင်မယ့် အကြောလျော့နည်း တွေ ရှိပါတယ်။ အခုပြောပြမယ့် အကြောလျော့နည်းတွေကို ကွန်ပြူတာ အသုံးများသူတိုင်း ပြုလုပ်ပေးသင့်ပါတယ်။

အကြောလျော့နည်း (၁)

Chest Openers

Photo : Men’s Fitness

ဒီနည်းလမ်းကိုတော့ Chest Openers လို့ ခေါ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ရှေ့တည့်တည့်မှာ လက်တွေကို သက်တောင့်သက်သာ ထားပါ။

ထို့နောက် အသက်ရှုသွင်းပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီသို့ ဖွင့်ထုတ်ပါ။

ရင်ဘတ်ကို မြှင့်ထားပြီး တံတောင်ဆစ်တွေက နံရိုးနဲ့ နီးကပ်နေရပါမယ်။

ပြီးရင်တော့ မူလစတင်ခဲ့တဲ့ ပုံစံအတိုင်း လက်တွေကို ခန္ဓာကိုယ်အလယ်ဗဟိုတည့်တည့်ကို ပြန်ထားပြီး အသက်ရှုထုတ်ပါ။

၁၀ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အကြောလျော့နည်း (၂)

Shoulder Rolls

Photo : Men’s Fitness

ဒါကတော့ ပခုံးတွေကို လှည့်ပေးရမယ့် Shoulder Rolls လေ့ကျင့်ခန်း ဖြစ်ပါတယ်။

လက်တွေကို ပခုံးတွေပေါ်မှာ ထိထားပါ။

အသက်ရှုသွင်းပြီး တံတောင်ဆစ်တွေကို အရှေ့သို့ လှည့်ပေးရပါမယ်။

ထို့နောက် အသက်ပြန်ရှုထုတ်ကာ တံတောင်တွေကို နောက်သို့ ပြန်ဖြေလျော့ပေးပါ။

၁၀ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အကြောလျော့နည်း (၃)

Side Neck Stretch

Photo : Men’s Fitness

ဒီလေ့ကျင့်ခန်းကိုတော့ Side Neck Stretch လို့ခေါ်ပါတယ်။

ညာဘက်လက်ကို ဦးခေါင်းပေါ်မှာ ညင်သာစွာ ထိထားပါ။

ထို့နောက် ဦးခေါင်းကို ညာဘက်သို့ ဖြည်းညှင်းစွာ လှည့်ပြီး အောက်သို့ ငုံ့ပေးပါ။

ပြီးရင် အသက်ရှုသွင်းပြီး ပခုံးတွေကို အပေါ်သို့ မြှင့်တင်ပေးပါ။

ထို့နောက် ပခုံးတွေကို ပြန်ဖြေလျှော့ပြီး အသက်ပြန်ရှုထုတ်ပေးပါ။

ဦးခေါင်းကို ဘယ်ညာ တစ်လှည့်စီ လှည့်ပြီး ပြုလုပ်ပေးရပါမယ္။

၁၀ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အကြောလျော့နည်း (၄)

Neck stretch

Photo : Men’s Fitness

နောက်ဆုံးပြောပြပေးချင်တဲ့ အကြောလျော့နည်းကတော့ Neck Stretch ဖြစ်ပါတယ်။

လက်ချောင်းတွေကို ယှက်ထားပြီး ဦးခေါင်းနောက်ဘက်မှာ တင်ထားပါ။

ထို့နောက် ဦးခေါင်းကို ကြမ်းပြင်ရှိရာသို့ ဖြည်းဖြည်းချင်း ငုံ့ပြီး အသက်ရှုသွင်းပေးပါ။

ပြီးရင် အသက်ပြန်ရှုထုတ်ပြီး ဦးခေါင်းကို မူလအနေအထားသို့ ပြန်မော့ပေးရပါမယ်။

၁၀ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အခုပြောပြတဲ့ အကြောလျော့နည်း တွေကို လုပ်ပေးခြင်းဖြင့် ကွန်ပြူတာ  အသုံးများခြင်းကြောင့် ဖြစ်တက်တဲ့ အကြောတက်ခြင်းနဲ့ ကိုယ်ဟန်အနေအထား မှားယွင်းခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Bupa UK