အင်တာနေရှင်နယ် မော်ဒယ် ဘွိုင်း တွေရဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားရင် ကွီးတို့အနားမှာ စကီလေးတွေ ဝိုင်းဝိုင်းလည်နေမှာပါ။ အနာခံမှ အသာစံရမှာဆိုတော့ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း လုပ်ပြီး အပင်ပန်းမခံချင်ဘူးဆိုရင်တော့ မော်ဒယ် ဘွိုင်း ခန္ဓာကိုယ်မျိုး ရရှိဖို့ မျှော်လင့်မနေပါနဲ့တော့။ မဆုတ်မနစ်တဲ့ ဇွဲနဲ့ အချိန်ပေးပြီး သေသေချာချာ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ ကိုယ် လိုချင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အမိုက်စား မော်ဒယ် ဘွိုင်း ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။​

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ကွီးတို့ ခန္ဓာကိုယ်ကို စူပါ မန်းလို သန်မာလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတွေထဲမှာ Triceps Workout Push Ups လေ့ကျင့်ခန်းလည်း တစ်ခုအပါအဝင်ပါပဲ။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ယှက်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

မော်ဒယ် ဘွိုင်း

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Sumo Squat ဖြစ်ပါတယ်။ ရိုးရိုး Squat လေ့ကျင့်ခန်းနဲ့ မတူတာကတော့ Sumo Squat ပြုလုပ်တဲ့အခါ ပေါင်နှစ်ဖက်ကို ချဲနိုင်သလောက် အကျယ်ကြီး ချဲထားရမှာဖြစ်ပါတယ်။ ထို့နောက် တင်ပါးကို နောက်ပစ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ အလေးတုံး အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်သလို အလေးတုံး မပါဘဲနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်မှ ၂၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

မော်ဒယ် ဘွိုင်း

ကွီးတို့ ခန္ဓာကိုယ် ကြွက်သားများ တောင့်တင်းသန်မာအောင် ကူညီပေးမယ့် နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ Cable Curl လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အနေအထားကို ပုံမှာပြထားတဲ့အတိုင်း ပြုလုပ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

Source: Howcast

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ကွေးကာ အပေါ်ကို ဆွဲတင်ပြီးနောက် လက်နှစ်ဖက်ကိုလည်း ညိုသကြီးနဲ့ ထိကပ်လိုက်ပါ။ တစ်ဖန် ဒူးကို မကွေးဘဲ ဒူးကို ဆန့်တန်းကာ အပေါ်သို့ ဆွဲတင်ပါ။ လက်နှစ်ဖက်ကို ညိုသကြီးနဲ့ ထိကပ်လိုက်ပါ။ ထိုအဆင့်အထိကို ၁ ကြိမ် ပြီးသွားပြီဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

Source: Menshealth

အရင်ဦးဆုံး Pushup အနေအထားအတိုင်း ခန္ဓာကိုယ်ကို ပြင်ထားပါ။ ထို့နောက် တစ်ကြိမ်လောက် ဒိုက်ထိုးပြီးနောက် မတ်တပ်ရပ်ကာ တစ်ကြိမ်လောက် Squat ထိုင်လိုက်ပါ။ ထို့နောက် ခုံပေါ်သို့ ခြေထောက်နှစ်ဖက်ကို စုံလိုက် ခုံရပါမယ်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပြန်ဆင်းလိုက်ပါ။ ထို့နောက် စောစောက နည်းအတိုင်း ၁ မိနစ်ပြည့်အောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ကဲ… ကွီးတို့ရော မော်ဒယ် ဘွိုင်း ခန္ဓာကိုယ် ပြောင်းလဲဖို့ ရယ်ဒီဖြစ်ပြီလား။

Source: Menshealth

Featured Image: Freepik