လာမယ့် ၂၀၂၄ခုနှစ် ဇွန်လ (၁၄)ရက်နေ့ ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးအတွက် အုပ်စု မဲခွဲမှုတွေကို မနေ့ညကပဲ လုပ်ဆောင်သွားခဲ့ရာ လက်ရှိ ချန်ပီယံ အီတလီအသင်းက ဥရောပ ထိပ်တန်းအသင်းတွေဖြစ်တဲ့ စပိန် ခရိုအေးရှားတို့နဲ့အတူ မရဏအုပ်စုထဲကို အတူတူ ကျရောက်လျက် ရှိနေပါတယ်။

euro 2024 group a

Photo Credit : Bleacher Report

(၁၇)ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ယူရို-၂၀၂၄ပြိုင်ပွဲဟာ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင် (၂၄)သင်းအထိ ပါဝင် ဆင်နွဲသွားမှာဖြစ်ပါတယ်။ အုပ်စု(၆)စုရဲ့ ပထမဆုံး အုပ်စုဖြစ်တဲ့ အုပ်စု(A)မှာ အိမ်ရှင် ဂျာမနီ ဟန်ဂေရီ စကော့တလန် နဲ့ ဆွစ်ဇာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

euro 2024 group b

Photo Credit : Bleacher Report

အုပ်စု(B)ကတော့ ဒီပြိုင်ပွဲရဲ့ လုံးဝ Group of Death ဖြစ်နေပြီး လက်ရှိ ချန်ပီယံ အီတလီ စပိန် ခရိုအေးရှား နဲ့ အယ်လ်ဘေးနီးယားတို့ အတူ ကျရောက်နေရင်း ဒီအုပ်စုမှာ ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ နာမည်ကြီး အင်္ဂလန်ကတော့ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့နဲ့ အုပ်စု(C)မှာ ကျရောက်နေပြီး အင်္ဂလန်အတွက် အုပ်စုချောင်တယ်လည်း ပြောမရ မချောင်ဘူးလို့လည်း ပြောမရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

euro 2024 group d

Photo Credit : Bleacher Report

အုပ်စု(D)မှာတော့ နယ်သာလန် ပြင်သစ် သြစတြီးယား နဲ့ play-off winner (A) တို့ ဆုံတွေ့နေပါတယ်။ ဒီအုပ်စုကိုတော့ နောက်ထပ် မရဏအုပ်စုလို့ သတ်မှတ်နိုင်ပြီး ပိုလန် ဒါမှမဟုတ် ဝေးလ်စ် တစ်သင်းသင်းက ဒီအုပ်စုထဲ ရောက်လာနိုင်ပါတယ်။ အုပ်စု(E)မှာ ဘယ်ဂျီယံ ဆလိုဗက်ကီးယား ရိုမေးနီးယား နဲ့ play-off winner (B) က အနိုင်ရလာမယ့် အသင်းတို့ တစ်အုပ်စုတည်း ကျရောက်ပါမယ်။ နောက်ဆုံး အုပ်စု (F)မှာတော့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီက တူရကီ ချက် play-off winner (C)တို့နဲ့ တွေ့ဆုံနေပြီး တူရကီ ချက်တို့က ပေါ်တူဂီအတွက် ပြိုင်ဘက်ကောင်းတွေ ဖြစ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : Bleacher Report