ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းကတော့ ဒီရာသီမှာ လုံးဝ လက်ဖျားခါလောက်စရာ စွမ်းဆောင်ရည်တို့နဲ့အတူ အခုချိန်ထိ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် လေဗာကူဆင်အသင်းက ဒီရာသီရဲ့ ပြိုင်ပွဲစုံ (၂၃)ထိ ကစားထားပြီးချိန်မှာ (၃)ပွဲသာ သရေကျအောင် ကစားထားကာ ကျန်တဲ့ ပွဲ(၂၀)လုံးကိုတော့ နိုင်ပွဲရအောင် ကစားထားခဲ့ပါတယ်။
Photo Credit : Sporting News
လေဗာကူဆင်က သူတို့အသင်းအတွက် တကယ်ကို လိုအပ်တဲ့ နည်းပြတစ်ဦးကို ပြီးခဲ့တဲ့ ဘောလုံးရာသီ အစပိုင်းမှာပဲ ခန့်အပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနည်းပြကတော့ စပိန် ကစားသမားဟောင်း ဇာဗီ အလွန်ဆိုပါ။ လေဗာကူဆင်က အလွန်ဆိုလက်ထက်မှာ တော်တော်လေးကို တောက်ပလာခဲ့ရပြီး တန်းဆင်းဇုန်နားကနေပါ လွတ်မြောက်လာခဲ့ရပါတယ်။ နည်းပြ အတွေ့အကြုံ အလွန် နုနယ်သေးတဲ့ အလွန်ဆိုဟာ လေဗာကူဆင်ကို အမှတ်ပေးဇယား အောက်ခြေနားကနေ စွဲတင်နိုင်ခဲ့ပြီး အဆင့်(၆)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်မှာပါ ဆီမီးဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။
Photo Credit : Sporting News
ဒီလို တစ်ရာသီအတွင်းမှာပဲ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး စွမ်းဆောင်ခဲ့တဲ့ အလွန်ဆိုကို စပါးအသင်းကပါ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် လေဗာကူဆင်ကတော့ အလွန်ဆိုနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပါတယ်။ အသင်းနဲ့ သက်တမ်းတိုးပြီးနောက်ပိုင်း အလွန်ဆိုက အသင်းအတွက် ပိုလို့တောင် အကောင်းဆုံးတွေ စွမ်းဆောင်ပြရင်း အခုဆိုရင် လေဗာကူဆင်က ဒီရာသီအတွင်း ကစားခဲ့သမျှ (၂၃)ပွဲလုံးပါ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။
Photo Credit : Livescore
လေဗာကူဆင်အသင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီ နောက်ပိုင်းကတည်းက ဆုဖလား အောင်မြင်မှုတွေ အလှမ်းဝေးနေတာဖြစ်ပြီး အခုဆိုရင်တော့ ဘွန်ဒက်စ်လီဂါ ၊ ပိုကယ်ဖလား နဲ့ ယူရိုပါလိဂ် အစရှိတဲ့ ပြိုင်ပွဲ (၃)ခုရဲ့ ဖလား (၃)လုံးလမ်းကြောင်းပေါ်မှာ ရပ်တည်ထားနိုင်တာဖြစ်လို့ အလွန်ဆိုအနေနဲ့ ဆယ်စုနှစ်တစ်ခုလောက် ဝေးကွာနေတဲ့ ဖလားအောင်မြင်မှုတွေဆီပါ အရောက်ပို့ဆောင်ပေးသွားနိုင်မလားဆိုတာ…
Featured Photo : Livescore