ရင်တထိတ်ထိတ်နဲ့ ဇောချွေးပျံအောင် ဆော့ရတဲ့ ဂိမ်းတွေလို့ ပြောရင် Zombie ဂိမ်းတွေကတော့ ထိပ်ဆုံးကနေ ပြောရမှာပါပဲ။ Zombie ဂိမ်းတော်တော်များများက ပစ်ခတ်တိုက်ခိုက်ရတာ ၊ အန္တရာယ်တွေကြားက အသက်ရှင်အောင် Survival လုပ်ရတာတွေကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပြီး လူကြိုက်များပါတယ်။ ဒီတစ်ခေါက်တော့ ဂိမ်းချစ်သူ ကွီးတို့အတွက်ရည်းစားထားတာထက် ရင်ခုန်ရမယ့် အမိုက်စား Zombie ဂိမ်းတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Dead Effect 2

Source : BadFly Interactive

Dead Effect ကတော့ နာမည်ရပြီးသား Zombie Shooter ဂိမ်းစီးရီး ဖြစ်ပါတယ်။ Dead Effect 2 မှာ ပိုမိုက်တဲ့ Graphics တွေနဲ့ Zombies တွေ Monsters တွေနဲ့ သိပ္ပံစိတ်ကူးယဉ်အကောင်ဆန်းတွေကို ပစ်ခတ်တိုက်ခိုက်ရမှာပါ။ ဂိမ်းထဲက ကိုယ့်ဇာတ်ကောင်ကို ပိုလန်းပိုကြမ်းအောင် အဆင့်မြှင့်တင်နိုင်ပြီး ရန်သူတွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် လက်နက်ပေါင်း ၄၀ ကျော်လည်း ပေးထားပါတယ်။ Dead Effect 2 က Zombie ဂိမ်းတွေထဲမှာ တော်တော်မိုက်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Dead Trigger 2

Source : MADFINGER Games

Dead Trigger 2 က တော်တော်လေးကြာပြီဖြစ်တဲ့ Zombie ဂိမ်းတစ်ခုဖြစ်တာကြောင့် အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် Updates တွေကတော့ ဒီနေ့အထိ ပေးနေတုန်းပါ။ ဒီဂိမ်းက Missions တွေလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို Graphics တွေလည်း သိပ်မဆိုးလှပါဘူး။ Hardware Controller Support ပေးထားပြီး အပတ်စဉ် Missions အမိုက်စားတွေနဲ့ Weapons အလန်းတွေကိုလည်း စုဆောင်းလို့ ရနိုင်ပါတယ်။ Dead Trigger 2 က နောက်ဆုံးထွက် Zombie ဂိမ်းတစ်ခု မဟုတ်ပေမယ့် တော်တော်လေး ဆော့လို့ကောင်းပါတယ်။ ဒါ့အပြင် Free To Play လည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Into the Dead 2

Source : PikPokGames

နောက်ဆုံးထွက် အသစ်သစ်သော Zombie ဂိမ်းတွေမှ ကြိုက်တဲ့ ကွီးတို့အတွက်ကတော့ Into the Dead 2 ကို Try ကြည့်နိုင်ပါတယ်။ ဒီဂိမ်းက Survival Mechanics တွေပါတဲ့ Infinite Runner ဂိမ်းပါ။ ပြေးနိုင်သမျှပြေးထား ကိုယ့်လူရေလို့ ပြောရမယ့် ဂိမ်းဖြစ်ပြီး အသက်ရှင်ဖို့ ကြိုးစားသွားရမှာပါ။ ဂိမ်းတစ်လျှောက် အသုံးလိုမယ့် ဘာညာပစ္စည်းကိရိယာလေးတွေကိုလည်း ပေးထားမှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို အသုံးချသွားရမှာပါ။ Missions တွေ ၊ Challenges တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းအောင် ကစားရမှာဖြစ်ပြီး အဖော်ခွေးလေးတွေတောင် ပါပါသေးတယ်။ Graphics တွေလည်းမိုက် ပေါ့ပေါ့ပါးပါးနဲ့ Free To Play လည်း ဆော့ကစားနိုင်မယ့် ဂိမ်းအမိုက်စားလေးတစ်ခု ဖြစ်ပါတယ်။

Featured Photo : WayTooManyGames