Workout ပြုလုပ်ခြင်းက ကွီးတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ဆောင်ကျဥ်းပေးနိုင်တယ်ဆိုတာကို သိပြီးပြီဖြစ်ပါလိမ့်မယ်။ Workout နဲ့ ကွီးတို့ အလိုရှိတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပုံဖော်နိုင်သလို ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့သာ ပျင်း ပြီး Workout မလုပ်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကွီးတို့ပဲ ခံစား သွားရမှာပါ။

ပျင်း လို့ Workout မလုပ်ဖြစ်တဲ့ အကျိုးဆက်ကို မ ခံစား ချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Air Squats လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းကိုတော့ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

ဒုတိယ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Walking Lunges လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ခြေထောက်တစ်ဖက်စီကို အကြိမ် ၂၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ပျင်း ခံစား

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Box Jumps လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ် ၂၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ပျင်း ခံစား

လေ့ကျင့်ခန်း (၄) ကတော့ ကွီးတို့ရဲ့ လက်မောင်းနဲ့ ရင်အုပ်ကြွက်သားများကို သန်မာလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကတော့ အခြား မဟုတ်ပါဘူး။ ဒိုက်ထိုး လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ပျင်း ခံစား

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Alternating Pistol Squats လို့ အမည်ပေးထားပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်တစ်ဖက်စီကို စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်း (၆)

ပျင်း ခံစား

နောက်ထပ် လေ့ကျင့်ခန်းအနေနဲ့ Plank ထောက်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၁ မိနစ်တိတိ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ကြွက်သားများကို သန်မာလာအောင် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း (၁) ကနေ (၆) အထိကို မိနစ် ၂၀ ဝန်းကျင်လောက်ပဲ ကြာမှာမို့လို့ အလုပ်များတဲ့ ကွီးတို့အတွက်တော့ အချိန်အများကြီး ပေးစရာမလိုတာကြောင့် စိတ်ပူစရာမလိုပါဘူး။

လေ့ကျင့်ခန်း (၁) ကနေ (၆) အထိကို ၅ ကျော့ ပြုလုပ်ရမှာဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြားမှာ ၁၀ စက္ကန့်စီ အနားယူပေးနိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်သွားဖို့ အချိန်ပေးနိုင်ရဲ့လား။

Source: Mensjournal.com

Featured Image: Freepik